Home
နိုင်ငံတကာ
တရုတ်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မလေးရှားဝန်ကြီးချုပ် ချီးကျူး
DVB
·
April 18, 2025
China's President Xi visits Malaysia

မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မ်က လွတ်လပ်တဲ့ ကုန်သွယ်မှုရဲ့ အရေးပါမှုကို အလေးပေးရင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး လေဆန်ကို ရင်ဆိုင်နေရတဲ့အချိန်မှာ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနေတဲ့ တရုတ်နဲ့ မလေးရှားတို့ကြား တည်တံ့တဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ဧပြီ ၁၆ ရက်မှာ ချီးကျူးခဲ့ပါတယ်။

အီဘရာဟင်မ်က မလေးရှားနဲ့ တရုတ်နိုင်ငံကြား နှစ် ၅၀ သံတမန်ဆက်ဆံရေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မလေးရှားကိုလာမယ့် ခရီးစဉ်မတိုင်မီ တနင်္လာနေ့က ကွာလာလမ်ပူမြို့တော်မှာ လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုအတွင်း ထင်ဟပ် သုံးသပ်ခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ ဗီယက်နမ်မှာ စတဲ့ ၅ ရက်ကြာ အရှေ့တောင်အာရှ ခရီးစဉ်ရဲ့ ဒုတိယမြောက် နိုင်ငံတော်ခရီးစဉ်အဖြစ် အင်္ဂါနေ့မှာ မလေးရှားနိုင်ငံဆီ ရောက်လာတာပါ။ သူ့ခရီးစဉ်ဟာ ကမ္ဘောဒီးယားမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

တရုတ်-မလေးရှား ပူးပေါင်းဆောင်ရွက်မှုမှာ အထူးခြားဆုံး အောင်မြင်မှုအကြောင်း မေးချိန်မှာ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေနဲ့ အနာဂတ်အလားအလာ အများကြီးကို အလေးပေး ဖော်ပြခဲ့ပါတယ်။

ရှီက မျှဝေထားတဲ့ အနာဂတ်နဲ့အတူ အဆင့်မြင့် မဟာဗျူဟာမြောက် တရုတ်-မလေးရှား အသိုက်အဝန်းကို တည်ဆောက်ဖို့ အချက် ၃ ချက် အဆိုပြုခဲ့ပါတယ်။

ရှီက နှစ်နိုင်ငံစလုံး မဟာဗျူဟာမြောက် လွတ်လပ်ရေးကို လိုက်နာရေးအတွက် အဆင့်မြင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို လုပ်ဆောင်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေါင်းစပ်တည်ဆောက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာထားဖို့၊ တရုတ်နဲ့ မလေးရှား နှစ်ဖက်စလုံး မျိုးဆက်တခုကနေတခု ချစ်ကြည်ရင်းနှီးမှုကို သယ်ဆောင်ဖို့နဲ့ ယဉ်ကျေးမှု ၂ ခုကြား အပြန်အလှန်ဖလှယ်၊ သင်ယူတာတွေကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။

တရုတ်နဲ့ လေးရှားတို့ဟာ ကွန်ဖြူးရှပ်-အစ္စလာမ့် ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲမှာ ပူးပေါင်းဆောင်ရွက်သင့်ပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေး ပလက်ဖောင်းကို ဒေသတွင်းတခုလုံးနဲ့ပါ ပူးပေါင်းတည်ဆောက်သင့်တယ်လို့လည်း ရှီက ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013