Home
နိုင်ငံတကာ
တရုတ်နှင့် အင်ဒိုနီးရှား မိတ်ဖက်ဆက်ဆံရေး ပိုနက်ရှိုင်းအောင် လုပ်မည်ဟု တရုတ် ပြော
DVB
·
April 15, 2025
Photo: Reuters

တရုတ်နဲ့ အင်ဒိုနီးရှားတို့ဟာ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် သမိုင်းမှတ်တိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂ နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တခုထိ နက်ရှိုင်းအောင် ဆောင်ရွက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

ဧပြီ ၁၃ ရက်ဟာ တရုတ်နဲ့ အင်ဒိုမီးရှား ၂ နှစ်နိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ပါ။

တရုတ်နိုင်ငံခြားရေး ပြောခွင့်ရသူ လင်ကျန်းက “တရုတ်နဲ့ အင်ဒိုနီးရှားတို့ဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မျှော်မှန်းချက်တွေကို ပံ့ပိုးကူညီကြမယ်"လို့ ပုံမှန် သတင်းစာရှင်းလင်းပွဲ မှာ အလေးပေး ပြောခဲ့ပါတယ်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယံတိုတို့ဟာ  ဧပြီ ၁၃ ရက် မှာ ဖုန်းခေါ်ဆိုရင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ အပြန်အလှန်ပေးပို့ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြေညာထားတဲ့ အမေရိကန် သွင်းကုန်ခွန်တွေကို ဆန့်ကျင်တဲ့ ဘုံစည်းမျဥ်းကို လိုက်နာဖို့ တရုတ်က တခြားနိုင်ငံတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေတာပါ။

တရုတ်နဲ့ အင်ဒိုနီးရှား ၂ နိုင်ငံစလုံးက "နိုင်ငံစုံ ကုန်သွယ်မှုစနစ်နဲ့  စက်မှုကွင်းဆက် ထောက်ပံ့ရေး ကွင်းဆက်တည်ငြိမ်မှုကိုကာကွယ်ဖို့ ကမ္ဘာ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဓိကနိုင်ငံတွေကြား ပို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်”လို့ လင်ကျန်းက ပြောပါတယ်။

ရှီဟာ အမေရိကန်နဲ့ တရုတ်ကြားကုန်သွယ်ရေးတင်းမာမှုတွေ တိုးလာနေချိန်မှာ တရုတ်နိုင်ငံရဲ့ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံတချို့နဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ ရည်ရွယ်ပြီး အင်ဒိုနီးရှား အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ မလေးရှားနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေဆီ တနင်္လာနေ့ကစပြီး သွားရောက် လည်ပတ်နေပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013