
ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို စစ်ဆေးနေတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေးဘလိုဆော့ဖ်ရဲ့ ဗီဒီယိုဖိုင်ကို ဧပြီ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဘလိုဆော့ဖ်ဟာ အနောက်ပိုင်းတပ်ဖွဲ့များ ကွပ်ကဲမှုဌာနချုပ်မှာ အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး သူ့ကို အနောက်တပ်ဖွဲ့ရဲ့ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဆာဂျီကူဇို့ဗ်လက်ဗ်က ပဋိပက္ခဖြစ်ပွားရာဒေသရဲ့ လက်ရှိအခြေအနေအပေါ် အကျဉ်းချုံး တင်ပြခဲ့ပါတယ်။
တပ်မှူး ဆာဂျီကူဇို့ဗ်လက်ဗ်က “နှစ်စကတည်းက အိုက်ဇီယွန်မ် လမ်းကြောင်းမှာ ရုရှားစစ်တပ်ဟာ စတုရန်းကီလိုမီတာ ၃၃၀ ကျော် အခြေချရပ်ရွာပေါင်း ၁၈ ခုကို လွတ်မြောက်စေခဲ့ပါတယ်”လို့ ကာကွယ်ရေးဝန်ကြီး ဘလိုဆော့ဖ်ကို ပြောပြနေတာပါ။
ဘလိုဆော့ဖ်ဟာ တပ်စစ်ဆေးမှုအပြီးမှာ နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်ဆုတံဆိပ်တွေ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အိမ်နီးချင်းနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ဖို့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က အမိန့်ပေးခဲ့တာဖြစ်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းမှာ ဖြည်းဖြည်းမှန်မှန် ချီတက်လာခဲ့ပြီး ၂ ဘက်စလုံးအတွက် ကြီးမားတဲ့ စစ်ရေးဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့ မြေပြင်တိုက်ပွဲကို မရပ်မနား ဆင်နွှဲနေခဲ့ပါတယ်။
ယူကရိန်းကလည်း လွန်ခဲ့တဲ့ ၆ လအတွင်း ရုရှားပိုင်နက်ထဲက နယ်မြေတခုကို သိမ်းပိုက်နိုင်ခဲ့ ပါတယ်။
Source: Reuters