
တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲကို အနီးကပ် စောင့်ကြည့်နေပြီး ရုရှားရဲ့ ရန်လိုမှုရလဒ်ဟာ အာရှတိုက် လုံခြုံရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အတွင်းရေးမှူးချုပ် မတ်ခ်ရူတေက ဧပြီ ၉ ရက်မှာ သတိပေးခဲ့ပါတယ်။
ပဋိပက္ခဟာ ဥရောပနဲ့ ပစိဖိတ် လုံခြုံရေးပတ်ဝန်းကျင်က ဆက်စပ်မှုတွေကို မီးမောင်းထိုးပြထားတယ်လို့ ရူတေက ဂျပန်မြို့တော် တိုကျိုက ခဲအိအို တက္ကသိုလ်မှာ ပြောပါတယ်။
“တကယ်လို့များ ကျနော်တို့က ပူတင်ကို ရည်မှန်းချက်တွေ အောင်မြင်အောင် အင်အားသုံးခွင့် ပေးမယ်ဆိုရင် သတိမပြုမိဘဲ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဒါက ယနေ့ ယူကရိန်းပါ။ မနက်ဖြန်မှာ အရှေ့အာရှ ဖြစ်လာနိုင်တယ်” လို့ ရူတေက ပြောပါတယ်။
NATO အဖွဲ့ဝင်တွေကို ကာကွယ်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေ အချိုးအစား ပိုသုံးဖို့ တွန်းအားပေးရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကာလရှည်ကြာ တွန်းအားပေးမှုကို NATO အဖွဲ့ အကြီးအကဲက ခုခံကာကွယ်ခဲ့ပါတယ်။
ဥရောပ NATO မဟာမိတ်တွေက အမေရိကန်ရဲ့ အသုံးစရိတ်နဲ့ ရာခိုင်နှုန်းအားဖြင့် ကိုက်ညီသင့်တယ်ဆိုတဲ့ စကားက ယုတ္တိတန်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source : Reuters