
ရုရှားတပ်ဖွဲ့တွေဟာ ဧပြီ ၈ ရက် နှောင်းပိုင်းက ယူကရိန်းမြို့ကြီးတွေဖြစ်တဲ့ နီးပရို၊ ခါကိဗ်နဲ့ ကရာမာတော့စ်ခ် မြို့တွေကို ဒရုန်းအများအပြားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မီးလောင်မှုတွေ ဖြစ်ပွားပြီး အနည်းဆုံး လူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ညလုံးပေါက် တိုက်ခိုက်မှုအတွင်း ဒရုန်း ၅၅ စင်း ပစ်လွှတ်ခဲ့ပြီး ဒရုန်း ၃၂ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။
အီလက်ထရွန်းနစ်စစ်ဆင်ရေး တန်ပြန်တိုက်ခိုက်မှုတွေကြောင့် တခြားဒရုန်း ၈ စင်းဟာ သူတို့ရဲ့ ပစ်မှတ်တွေဆီ မရောက်နိုင်ခဲ့ကြောင်း တယ်လီဂရမ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ကျန်ဒရုန်း ၁၅ စင်းက ဘာတွေဖြစ်ခဲ့တယ် ဆိုတာတော့ အတိအကျ မသိရပါဘူး။
Source : Reuters