
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ဧပြီ ၁၀ ရက်က ဟင်းရှာသွားရင်း စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်လေးအပါအဝင် အမျိုးသား တယောက် ထိခိုက်ဒဏ်ရာရှိသွားပြီး ခြေထောက်ပြတ်ထွက်သွားပါတယ်။
ဧပြီ ၁၀ ရက် မနက် ၇ နာရီခွဲလောက်မှာ တောင်ကုတ်မြို့နယ်၊ ရန်ခိုချောင်း တဖက်ကမ်းမှာရှိတဲ့ ဝက်ပြည့်ရွာက မသျှားစုက စစ်ကောင်စီ တပ်စခန်းချခဲ့တဲ့ ဖလူးကြီးတောင်နားမှာ ဟင်းသွားရှာစဉ် အခုလို မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။
ဧပြီ ၁၀ ရက် တရက်တည်းမှာပဲ ဖုံညိုရွာသား ကိုချစ်စမ်းမောင် အမှတ် (၅) စစ်ဆင်ရီးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အနီး ဟင်းရှာနေစဉ် စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မိုင်နင်းမိပြီး ခြေထောက်ပြတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရှိသွားတာကြောင့် လက်ရှိမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရ တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ကလည်း မိုင်းရှင်းလင်းရေးတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေပေမဲ့ ရခိုင်မှာ မိုင်းနင်းမိပြီးတော့ ထိခိုက်သေဆုံးမှုတွေ မကြာခဏ ရှိနေဆဲပါ။