
ပရီးမီးယားလိဂ် ကလပ်တွေရဲ့ လာမယ့်ရာသီဥရောပချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက ပြင်းထန်လိမ့် မယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
ပွဲစဉ် ၃၁ အပြီးမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာ အတွက် လီဗာပူးနဲ့ အာဆင်နယ်အသင်းတွေက သေချာသွားပြီဖြစ်ပေမဲ့ နော်တင်ဟမ်၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ မန်စီးတီးနဲ့ ဖူဟမ်အသင်းတွေအထိ အပြိုင်အဆိုင်ဖြစ်နေတာပါ။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန် ၇ ပွဲဟာ ဗိုလ်လုပွဲ ၇ ပွဲဖြစ်ပြီး ပွဲစဉ်အားလုံး အနိုင်ရမှသာ ဝင်ခွင့်ရရှိနိုင်ကြောင်း ပြောပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နယူးကာဆယ်နဲ့ အက်စ်တန်ဗီလာ အသင်းတွေရဲ့ စွမ်းဆောင်ရည် ကောင်းမွန်မှုအပါအဝင် ချဲလ်ဆီး၊ နော်တင်ဟမ်နဲ့ ဖူဟမ်အသင်းတွေနဲ့လည်း အမှတ်ကွာဟချက်ကျဉ်းမြောင်းတာကြောင့် လက်ကျန်ပွဲစဉ်အားလုံး အနိုင်ရမှသာ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ကြောင်း နည်းပြဂွါဒီယိုလာကပြောပါတယ်။
Photo: Reuters