Home
သတင်းဓာတ်ပုံ
မြန်မာငလျင်ဘေးကူညီပြီးနောက် နေရပ်ပြန်ရောက်လာသည့် စင်ကာပူအဖွဲ့ကို ဂုဏ်ပြုကြိုဆို (ဓာတ်ပုံ)  
DVB
·
April 11, 2025
Photo: Singapore Civil Defence Force
Photo: Singapore Civil Defence Force
Photo: Singapore Civil Defence Force
Photo: Singapore Civil Defence Force
Photo: Singapore Civil Defence Force
Photo: Singapore Civil Defence Force
Photo: Singapore Civil Defence Force
Photo: Singapore Civil Defence Force
Photo: Singapore Civil Defence Force
Photo: Singapore Civil Defence Force

ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို သွားရောက်ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပြီးနောက် မိခင်နိုင်ငံကို ပြန်ရောက်လာတဲ့  စင်ကာပူနိုင်ငံက Operation Lion heart (OLH) ကယ်ဆယ်ရေး အဖွဲ့ဝင်တွေကို စင်ကာပူ ချန်ဂီလေဆိပ်မှာ ဧပြီ ၈ ရက် ညနေက သူရဲကောင်းသဖွယ် ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

အဖွဲ့ဝင် ၈၀ လောက်ပါဝင်တဲ့ စင်ကာပူကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်ကြီး လှုပ်ခတ်ပြီးနောက်တနေ့ မတ် ၂၉ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံးသွားရောက်ပြီး အဆင့်မြင့်နည်းပညာတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြတဲ့ အဖွဲ့တွေထဲမှာ တခုပါအဝင်ဖြစ်ပါတယ်။ 

နေရပ်ပြန်ရောက်လာတဲ့ စင်ကာပူကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို သူ့ရဲ့ မိသားစုတွေ၊ စင်ကာပူ အစိုးရတာဝန်ရှိသူတွေသာမက စင်ကာပူ ရောက် မြန်မာတွေကလည်း ပန်းစည်းတွေ ပိုစတာတွေနဲ့  ဂုဏ်ပြုကြိုဆို ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013