
ချင်းပြည်နယ်၊ ဖလမ်းမြို့ မြို့သိမ်းတိုက်ပွဲမှာ 96 Soldiers PDF တပ်ဖွဲ့က ရဲဘော်တစ်ဆယ် ကျဆုံးခဲ့တယ်လို့ 96 Soldiers PDF အညာတပ်ခွဲဆီကနေ သိရပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာ 96 Soldiers PDF တပ်ဖွဲ့က ရဲဘော်တစ်ဆယ် ကျဆုံးပြီး ၄ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂ ယောက်က ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၉ ရက်မှာ ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းယူနိုင်ပြီး ဖလမ်းတမြို့လုံးကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်က စတင်ခဲ့ပြီး စစ်ဆင်ရေးကာလ ၅ လပြည့်မှ မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။