
တောင်ကိုရီးယားစစ်တပ်ဟာ ဧပြီ ၆ ရက်က ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားတဲ့ စစ်ရေးနယ်နိမိတ်မျဉ်း (MDL) ကို ခေတ္တဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေကို သတိပေး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရဲ့ အဆိုအရ မနေ့ညနေ ၅ နာရီလောက်က မြောက်ကိုရီးယား စစ်သား ၁၀ ယောက်လောက်ဟာ နယ်စပ်အရှေ့ဘက်ခြမ်းရှိ စစ်ရေးနယ်စပ်မျဉ်းရဲ့ တောင်ဘက်ကို ချိုးဖောက် ဖြတ်ကျော်လာပြီးနောက် မြောက်ဘက်ကို ဆက်ရွေ့လျားသွားကြတယ်လို့ သိရပါတယ်။
သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ပြီးနောက်မှာ မြောက်ကိုရီးယားစစ်သား ၁၀ ယောက်လောက်ဟာ မြောက်ကိုရီးယားကို ပြန်ရောက်သွားကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
Source : Reuters