
ထိုင်ဝမ်အစိုးရဟာ ပြည့်စုံကျယ်ပြန့်တဲ့ အစီအစဥ်ကို ပြင်ဆင်ထားပြီး အခွန်ကောက်ခံမှုအပေါ် အမေရိကန်နဲ့ ညှိနှိုင်းဖို့ အဆင်သင့်ရှိတယ်လို့ ထိုင်ဝမ်က ဧပြီ ၈ ရက်မှာ ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ် ဆောင်ရွန်ထိုက်က လွှတ်တော်မှာ မီဒီယာတွေနဲ့ စကားပြောရာမှာ ထိုင်ဝမ်ဟာ အမှန်တကယ် ဆွေးနွေးဖို့ ကြိုးစားနေတဲ့ အမေရိကန် ကုန်သွယ်ဘက်နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး အစိုးရက သမ္မတ လိုင်ချင်းတယ်ရဲ့ အစီအစဉ်တွေကို အမေရိကန်ဆီ တင်ပြဖို့ သင့်လျော်မယ့်အချိန်ကို ရွေးချယ်မယ်လို့ ပြောခဲ့ပါတယ်။
တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ ထိုင်ဝမ်ရဲ့ အရေးအကြီးဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံဖြစ်တဲ့ အမေရိကန်နဲ့ ဆွေးနွေးမှု အသေးစိတ်ကို ပြောဖို့ ဆောင်က ငြင်းဆိုခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ဧပြီ ၆ ရက်မှာ စည်းကြပ်ခွန်ကင်းမဲ့တဲ့ အစိုးရတရပ်ကို အမေရိကန်ပြည်ထောင်စုဆီ အဆိုပြုခဲ့ပြီး နိုင်ငံအတွင်း ပိုရင်းနှီးမြှုပ်နှံဖို့နဲ့ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားဖို့ အဆိုပြုခဲ့ပါတယ်။
ထိုင်ဝမ်အပေါ် စည်းကြပ်ခွန်တွေ ကောက်ခံခြင်းဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
Source : Reuters