
တရုတ်အာဏာပိုင်တွေက တရုတ်နိုင်ငံထဲမှာ သူလျှိုလုပ်တယ်လို့ သံသယရှိတဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေရဲ့ အမှုကို ဖြစ်ရပ်မှန်အတိုင်း ဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး သက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဧပြီ ၇ ရက်မှာ ပြောလိုက်ပါတယ်။
မကြာသေးမီကလုပ်ခဲ့တဲ့ မီဒီယာစုံစမ်းမေးမြန်းမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ လင်ကျန်းက ထုတ်ဖော်ပြောဆိုခဲ့တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်းက “တရုတ်နိုင်ငံရဲ့ အရည်အချင်းရှိတဲ့ ဌာနတွေက တရုတ်နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံသားတွေ သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ ပတ်သက်တဲ့ တိကျတဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ တရားရေးဆိုင်ရာ အင်္ဂါအစိတ်အပိုင်းတွေနဲ့ တခြား အရည်အချင်းရှိတဲ့ အာဏာပိုင်တွေက ဒီအမှုကို အဖြစ်မှန်နဲ့ ဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပြီး သက်ဆိုင်ရာ အမှုထမ်းတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်သွားမယ်။ ဖိလစ်ပိုင်အစိုးရဟာ တရုတ်သူလျှိုအမှု အတော်များများကို လတ်တလောမှာ လုပ်ဇာတ်ခင်းခဲ့တယ်။ ရှင်းလင်းသေချာအောင် လေ့လာစိစစ်ထားတဲ့ အချက်အလက်တွေ မရှိဘဲ အပြစ်ရှိတယ်ဆိုတဲ့ ယူဆချက်ကို အခြေခံပြီး အမှုတွေကို ကိုင်တွယ်ရင်း ဒီအမှုတွေကို နိုင်ငံရေးအရ အသုံးချရင်း ကဲ့ရဲ့ အပြစ်ပြောခဲ့တယ်” လို့ ပြောပါတယ်။
ဒီလုပ်ရပ်ကို တရုတ်က ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဖိလစ်ပိုင်ဘက်ကို အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးပြီ၊ ဖိလစ်ပိုင်နိုင်ငံတွင်း တရုတ်နိုင်ငံသားတွေရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားကို စိတ်ပါလက်ပါ ကာကွယ်ဖို့၊ ခေါင်းတုံးခေါင်း သန်းရှာတဲ့ အလုပ်တွေ ရပ်ဖို့ တရုတ်က ဖိလစ်ပိုင်ကို တိုက်တွန်းတယ်လို့လည်း လင်ကျန်းက ပြောခဲ့ပါတယ်။
Source : Reuters