Home
နိုင်ငံတကာ
တရုတ် တည်ဆောက်သည့် ရေတပ်အခြေစိုက်စခန်းကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဖွင့်လှစ်
DVB
·
April 7, 2025
Photo: Reuters

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ဟာ နိုင်ငံရဲ့ အနောက်တောင်ပိုင်း ကမ်းရိုးတန်းက ခရွန်ဖရာ့ သီဟာနု ပြည်နယ်မှာရှိတဲ့ ရေတပ်အခြေစိုက်စခန်းကို ဧပြီ ၅ ရက်မှာ တရားဝင် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီပွဲကို တရုတ်သံအမတ်ကြီးနဲ့ တရုတ်ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်တယောက်လည်း တက်ရောက်ခဲ့ပါတယ်။

အသစ်တိုးချဲ့ထားတဲ့ ရင်မ် ရေတပ်အခြေစိုက်စခန်းမှာ သင်္ဘောကြီးတွေ ကျောက်ချရပ်နားဖို့နဲ့ သင်္ဘောတွေပြုပြင်ဖို့ သင်္ဘောကျင်းတခု ထားရှိဖို့ မျှော်လင့်ထားပါတယ်။

တရုတ်နဲ့ ကမ္ဘောဒီးယားတို့ဟာ ၂၀၂၁ ခုနှစ် ဇွန်လမှာ အခြေစိုက်စခန်းကို စတင်ခဲ့ပြီး တနှစ်အကြာ ၂၀၂၂ ခုနှစ်မှာ အခမ်းအနားနဲ့ စတင်တည်ဆောက်ခဲ့ပါတယ်။

ကမ္ဘောဒီးယားအစိုးရဟာ သူ့နိုင်ငံအတွင်း နိုင်ငံခြားအစိုးရတွေကို စစ်အခြေစိုက်စခန်းတွေ တည်ထောင်ခွင့် ပြုခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ မရောက်ဘူး၊ ချိုးဖောက်မှာလည်း မဟုတ်ဘူးလို့ ဟွန်မာနက်က စနေနေ့မှာ ပြောပါတယ်။

အခြေစိုက်စခန်းအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ရာမှာ ပါဝင်ဖို့ “မိတ်ဆွေအားလုံး” ကို ကြိုဆိုတဲ့ ဟွန်မာနက်က “ကျနော်တို့မှာ ဖုံးကွယ်စရာ ဘာမှမရှိဘူး” လို့ ဆိုပါတယ်။

ဒီအခြေစိုက်စခန်းဟာ တရုတ်ပြည်မကြီး အစိုးရအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အနားက ထိုင်းပင်လယ်ကွေ့မှာ အဓိက ဗျူဟာမြောက် ရပ်တည်ချက်တခု ပေးနိုင်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ကမ္ဘောဒီးယားဟာ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ အခိုင်မာဆုံး မဟာမိတ်တွေထဲက တနိုင်ငံဖြစ်ပြီး မကြာသေးမီနှစ်တွေအတွင်း တရုတ်ပြည်မကြီးအစိုးရက ကမ္ဘောဒီးယား အစိုးရအပေါ် သူ့ရဲ့သြဇာကို တိုးချဲ့ခဲ့ပါတယ်။

လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ဖခင် အရင် ကမ္ဘောဒီးယား ခေါင်းဆောင်ဖြစ်သူ ဟွန်ဆန် လက်ထက်မှာ တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယားရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာဘီလီယံပေါင်းများစွာ မြှုပ်နှံခဲ့ပြီး ကမ္ဘောဒီးယားနဲ့ အမေရိကန်ကြား ဆက်ဆံရေးကလည်း ယိုယွင်းလာခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013