Home
နိုင်ငံတကာ
အမေရိကန် ကုန်ပစ္စည်းအားလုံးအပေါ် တရုတ်က အခွန် ၃၄ ရာခိုင်နှုန်း စည်းကြပ် ကောက်ခံမည်
DVB
·
April 5, 2025
Photo: REUTERS/Tyrone Siu

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်တွေကို တန်ပြန်ဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံဟာ ဧပြီ ၁၀ ရက်ကစလို့ အမေရိကန် ကုန်ပစ္စည်းအားလုံးအပေါ် ထပ်လောင်း အကောက်ခွန် ၃၄ ရာခိုင်နှုန်းကောက်ခံမယ်လို့ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ် ကြေညာပါတယ်။

မတ်လမှာ အမေရိကန် စိုက်ပျိုးရေးကုန်စည်တချို့အပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း - ၁၅ ရာခိုင်နှုန်း နဲ့ ဖေဖော်ဝါရီလက စွမ်းအင်နဲ့ လယ်ယာသုံး စက်ယန္တရားတချို့အပေါ် ၁၀  ရာခိုင်နှုန်း - ၁၅ ရာခိုင်နှုန်းစည်းကြပ်ခွန်တွေအပြင် ထပ်ဆောင်းပေးရမယ့် အခွန်ရာခိုင်နှုန်း သတ်မှတ်တာ ဖြစ်ပါတယ်။

သောကြာနေ့က ထရုသ်ဆိုရှယ်မီဒီယာမှာ ထရမ့်ပ်က တရုတ်ကို အထိတ်တလန့်ဖြစ်အောင် လုပ်တယ်လို့ စွပ်စွဲကာ သူတို့ ကစားတာမှားတယ်ရေးသားခဲ့ပြီး သူတို့ မတတ်နိုင်တဲ့အရာနဲ့ အထိတ်တလန့်ဖြစ်အောင် လုပ်နေတာလို့ ဆိုထားပါတယ်။

ထရမ့်ပ်ဟာ ကမ္ဘာ့နံပါတ် ၂ စီးပွားရေးနိုင်ငံကို တရုတ်ကုန်ပစ္စည်းတွေအပေါ် ထပ်ဆောင်းအကောက်ခွန် ၃၄ ရာခိုင်နှုန်းနဲ့ စည်းကြပ် ပုတ်ခတ်လိုက်ပြီးနောက်မှာ ပေကျင်းရဲ့လက်တုံ့ပြန်မှု လုပ်ဆောင်လာပြီး အခုနှစ်မှာ စုစုပေါင်း စည်းကြပ်မှုအသစ်ဟာ ၅၄ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။

ထရမ့်ပ်ဟာ အမေရိကန် အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ တရုတ်နိုင်ငံမှ တန်ဖိုးနည်း ပက်ကေ့ဂျ်တွေအပေါ် ကုန်သွယ်ရေးဂယ်ပေါက်ကိုလည်း ပိတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဒါဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပဲလို့ ပြောဆိုလိုက်ပြီး အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအသစ်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှာ ညှိနှိုင်းဖို့ တောင်းဆိုထားပါတယ်။

ပေကျင်းဟာ စမဲရီယန်၊ ဂါ့ဒိုလီနီယမ်၊ တာ့ဘီယမ်၊ ဒက်စ်ပရိုစီယမ်၊ လုတိရှီယမ်၊ စကန်းဒီယမ်၊ အစ်ထရီယမ်တွေ အပါအဝင် အမေရိကန်ပြည်ထောင်စုကို အလတ်စားနဲ့ အပြင်းစား မြေရှား တင်ပို့မှုအပေါ် ထိန်းချုပ်မှုကိုလည်း ဧပြီ ၄ ရက်မှစ အကျုံးဝင်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013