
အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူပြီး မက်ဆီနဲ့ တွဲဖက်ကစားစေဖို့ ကြိုးပမ်းလာပါတယ်။
ဒီဘရိုင်းဟာ အခုနှစ်ရာသီအကုန်မှာ မန်စီးတီးကနေ ထွက်ခွါမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။
လက်ရှိအချိန်မှာ ဒီဘရိုင်းရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးဖို့ လုပ်ဆောင်နေပြီး ကစားသမားဖြစ်သူရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတယ်လို့ သိရပါတယ်။
ဒီဘရိုင်းကို မနှစ်က အပြောင်းအရွှေ့မှာကတည်းက ဆော်ဒီပရိုလိဂ်ကလပ်တွေက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။
အင်တာမိုင်ယာမီအသင်းမှာ မက်ဆီ အပါအဝင် ဘူးစကွက်စ်၊ ယော်ဒီအယ်လ်ဘာ တို့လည်း ကစားနေတာပါ။
မိုင်ယာမီအသင်းဟာ ဘင်ဖီကာမှာ ကစားနေတဲ့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော် ဒီမာရီယာကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။