Home
မြန်မာသတင်း
မောင်တောတိုက်ပွဲတွင် ARSA အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ
DVB
·
April 5, 2025

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဧပြီ ၄ ရက် နေ့လယ်က အာရက္ခတပ်တော် (AA) နဲ့ ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ ARSA အဖွဲ့ဝင်တယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မောင်တောမြို့နယ်၊ လဘာဝကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂၀၀ လောက်အကွာမှာ ဧပြီ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်လောက်က AA နဲ့ ARSA အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကိုပြောပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ ARSA  အဖွဲ့ဝင်တယောက် သေဆုံးကာ ၂ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီ ARSA  အဖွဲ့ဝင်တွေဆီကနေ စစ်ကောင်စီရဲ့ ကပစ စက်ရုံထုတ် G3 သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

မောင်တောမြို့နယ်မှာ မတ် ၂၉ရက်နေ့ကလည်း  မွတ်ဆလင် လက်နက်ကိုင်တပ် (ARSA) အဖွဲ့က သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013