Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီတပ်၏ အသေခံဒရုန်း ၁ စင်းကို PDF ပစ်ချ
DVB
·
April 5, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ခေါင်းအိရွာသစ်အနီးနားကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီလ ၃ ရက် ညနေ ၇ နာရီလောက်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စင်းနဲ့ ပစ်ခတ် တိုက်ခိုက်လာတာဖြစ်ပြီး တစင်းကိုတော့ ပစ်ချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖယ်ခုံ PDF တပ်ရင်းတခုရဲ့ တာဝန်ရှိသူက “ပြည်သူရှိရာ ခေါင်းအိရွာသစ်ဘက်ကို နေ့စဥ် စကခ ၇ ကနေပြီး လက်နက်ကြီးတွေ ပစ်နေပါတယ်။ အသေခံဒရုန်းတွေလည်း တိုက်ခိုက်လာပါတယ်။ မနေ့ညကတော့ မထင်မှတ်ဘဲ ၂ စီးတက်လာပြီး ကျနော်တို့ ကင်းသမားတွေရဲ့ လက်ဦးမှုနဲ့ တစီးကို ပစ်ချနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ ဒရုန်းကို တပ်ရင်းက ဧပြီ ၄ ရက်မနက်မှာ သွားကောက်ချိန် စစ်ကောင်စီရဲ့ စကခ ၇ တပ်ကနေ ခေါင်းအိရွာဟောင်းဘက်ကို လက်နက်ကြီးနဲ့ ၅ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်မိတဲ့ပြည်သူက အဆုတ်နေရာနားမှာ ထိခိုက်မိတာကြောင့် အသက်အန္တရယ် စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။

ခေါင်းအိရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာ စတင်ပြုလုပ်လာတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013