Home
မြန်မာသတင်း
ငလျင်ဒဏ် ခံစားနေရချိန် ရန်ကုန်တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်
DVB
·
April 1, 2025

မတ်လ ၂၈ ရက်မှာ စစ်ကိုင်းနဲ့ မန္တလေးကို အခြေပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၃,၀၀၀ ကျော်သေဆုံးပြီး လူပေါင်းများစွာ ကယ်ထုတ်ယူလို့ မရနိုင်သေးတဲ့အချိန်မှာ စစ်ကောင်စီက ရန်ကုန်က မြို့တော်ခန်းမမဏ္ဍပ်ကို ဧပြီ ၁ ရက်မှာ ဆက်ဆောက်လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

သင်္ကြန်ပွဲတော်အတွက် ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးစင်မြင့်တွေကို မတ် ၂၇ ရက် မတိုင်ခင်က ဆောက်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး မတ် ၂၈ ရက်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်မှာက ထိခိုက်မှု အနည်းငယ်သာရှိခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ခံက “ဒီနေ့ ဆက်ဆောက်နေတာတွေ့တယ်၊ တနိုင်ငံလုံး ဒီလောက်ဆိုးဝါးတဲ့ ထိခိုက်ပျက်စီးမှုတွေဆိုတာ တသက်မှာ တခါမှမရှိခဲ့ဖူးဘူး၊ မင်းအောင်လှိုင် တသက်မှာတောင် ကြုံဖူးမှာမဟုတ်ဘူး၊ ဒါတောင် ဒီလိုဆက်လုပ်မှာဆိုရင်တော့ လူစိတ်မရှိဘူးပဲပြောရမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မှာ တရက်ကို မီး ၂ နာရီသာ ပေးနေပြီး တိုက်အမြင့်တွေကို ရေတင်ဖို့ အခက်အခဲတွေလည်း ကြုံနေရတာဖြစ်ပါတယ်။ ပြည်သူတွေ အခက်အခဲမျိုးစုံ ကြုံနေရချိန်မှာ ဘယ်လိုရေသဘင်ပွဲတော်မှ မလုပ်စေချင်ကြောင်းကို ဆက်ပြောပါတယ်။

“အခုဆို အရန်ကုန်မှာက ရေပြတ် မီးပြတ်ပဲ၊ ပြီးတော့ တခြားငလျင်ဒဏ်ခံရတဲ့ မြို့တွေမှာဆိုတော့ ရေတွေမရလို့ ရေပြဿနာတွေ တက်နေတဲ့အချိန်မှာ ရေသဘင်ပွဲ လုပ်မယ်ဆိုတာ စဉ်းစားလို့မရတဲ့ အချက်ပဲ၊ ဒီရေကစားတာကို လုပ်ကို လုပ်ရမယ်လို့ သတ်မှတ်ထားတာလည်း မရှိဘူး။ မြန်မာလူမျိုးတွေပဲ စဉ်းစားကြပေါ့။”

ငလျင်ဒဏ်ကြောင့် မြန်မာတနိုင်ငံလုံးမှာ သေဆုံးသူတွေက ၄ ရက်အတွင်း ၃,၁၉၅ ယောက် ရှိလာတယ်လို့ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013