
ငလျင်ဒဏ်သင့်တဲ့ ဒေသတွေဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် အရပ်ဘက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အချင်းချင်း ချိတ်ဆက်ထောက်ပံ့နေရပြီး စနစ်ကျတဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ မလုပ်ဆောင်နိုင်သေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ် ၃၀ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
လုံခြုံရေးအာမခံချက် ပေးနိုင်ပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ CDM ဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်ပေးဖို့ကိုလည်း NUG က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက ပြည်သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေပြီး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
NUG အနေနဲ့လည်း လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ပြည်တွင်းပြည်ပမှ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မတ် ၃၀ ရက်ကစပြီး ၂ ပတ်ကြာ ထိုးစစ်ရပ်နားမယ်လို့ ကြေညာထားပေမဲ့ စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာ ဖြစ်ပါတယ်။