Home
မြန်မာသတင်း
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ငလျင်ဘေးအတွက် ကျပ် သိန်း ၁,၈၀၀ ကူညီ 
DVB
·
March 30, 2025

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ပေးနိုင်ဖို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက အဖွဲ့အစည်းတွေအနေနဲ့ ကနဦး မတည်ငွေ ကျပ် သိန်း ၁,၈၀၀ ထည့်ဝင်ကြောင်း မတ် ၃၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

“မိမိတို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကနဦး မတည်ငွေ သိန်းပေါင်း ၁,၈၀၀ ထည့်ဝင်ရပြီး ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီရေး စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” လို့ ရှမ်းစာနဲ့ရော မြန်မာစာနဲ့ပါ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်၊ အိန္ဒိယတို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ထောက်ပံ့ကူညီပေးတာကို ကျေးဇူးတင်ကြောင်း ပြောကြားထားပြီး ကူညီရေးတွေ လုပ်ဆောင်ရာမှာ စစ်ရေး၊ နိုင်ငံရေး နယ်မြေဒေသတွေ အကန့်အသတ်ဘောင်တွေကို ကျော်လွန်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီနဲ့အတူ အလှူငွေထည့်ဝင်လိုတဲ့ တခြားသော ကူညီထောက်ပံ့ ပေးအပ်လှူဒါန်းဖို့ ရှိပါကလည်း ကော်မတီကို ဆက်သွယ်နိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

မတ် ၂၈ ရက်က မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၆၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၃,၄၀၈ ယောက်အထိ ရှိလာပြီး ၁၃၉ ယောက် ပျောက်ဆုံးနေဆဲလို့ စစ်ကောင်စီက မတ် ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ရှမ်းပြည်နယ်၊  အောင်ပန်း၊ တောင်ကြီးနဲ့ အင်းလေးဒေသမှာအပျက်အစီးနဲ့ လူတွေ သေဆုံးမှုရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013