
မြန်မာနိုင်ငံမှာ မြေငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ဗီယက်နမ် ပြည်သူ့တပ်မတော်က တပ်ဖွဲ့ဝင် ၇၉ ယောက် ဒီကနေ့ မတ် ၃၀ မွန်းလွဲပိုင်းမှာ ထွက်ခွာလာနိုင်တယ်လို့ ဗီယက်နမ်သတင်း Ha Noi News မှာဖော်ပြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့မှာ ဗီယက်နမ်က Binh Cheng တပ်မဟာ 229 က ရဲဘော် အယောက် ၃၀ အရာရှိ ၅ ယောက်၊ ကြေးစားစစ်သား ၂၄ တို့ ပါဝင်ပါတယ်။
စစ်သည်တွေအထဲ နိုင်ငံရေးနောက်ခံ ခိုင်မာကျွမ်းကျင်မှုနဲ့ ကျန်းမာရေးကောင်းမွန်တဲ့ စစ်သားတွေပါဝင်ပြီး ရဲဘော်တချို့က အင်္ဂလိပ်စာကျွမ်းကျင်သလို ကယ်ဆယ်ရေး အတွေ့အကြုံများကြောင်း ရေးသားထားပါတယ်။
အခုလွှတ်မယ့်အဖွဲ့နဲ့အတူ ခေတ်မှီလက်နက်ပစ္စည်းနဲ့ မော်တော်ကားတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အထူးပြုထားတဲ့- DESA ရုပ်သံဖမ်း အသံဖမ်း ကိရိယာအပြင်သားကောင်ရှာဖွေရေးကိရိယာတွေနဲ့အတူ လာရောက်မှာလို့ သိရပါတယ်။
မတ် ၂၈ ရက်က မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၆၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၃,၄၀၈ ယောက်အထိ ရှိလာပြီး ၁၃၉ ယောက် ပျောက်ဆုံးနေဆဲလို့ စစ်ကောင်စီက မတ် ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။