Home
မြန်မာသတင်း
ငလျင်လှုပ်ခတ်ပြီးနောက် ဘိလပ်မြေ ဈေးနှုန်းတက် 
DVB
·
March 30, 2025

စစ်ကိုင်း ငလျင်လှုပ်ခတ်ပြီးနောက်တနေ့ မတ် ၂၉ ရက်ကစပြီး ဧရာဝတီတိုင်းရှိ ပုသိမ်မြို့မှာ    ဘိလပ်မြေ ဈေးနှုန်းတက်သွားပြီ လိုသလောက် ဝယ်မရတော့ဘူးလို့  ဒေသခံတွေထံက သိရပါတယ်။ 

ပုသိမ်မြို့ခံ အမျိုးသားတယောက်က “မနေ့က အထိ ဝယ်လို့ရသေးတယ်။ ဒီနေ့မှာ လိုသလောက် ဝယ်မရတော့ဘူး။ သင်္ကြန်ပိတ်ရက် အိမ်ပြင်ဖို့လုပ်ထားတာ အခက်အခဲတော့ ရှိတာပေါ့။ တချို့ ဆောက်နေသူတွေ ဝယ်ရခက် ငွေပိုကုန်တယ်"လို့  ပြောပါတယ်။

ဘိလပ်မြေဈေးက ငလျင်မလှုပ်ခင် တအိတ်ကို ကျပ် ၂၀၀၀၀ လောက်ရှိရာက  မတ် ၂၉ ရက်မှာ ကျပ် ၃၀,၀၀၀ အထိတက်သွားပြီး ပစ္စည်းလိုသလောက် ဝယ်မရဖြစ်နေတာလို့ ပုသိမ်မြို့ခံက ပြောပါတယ်။

အိမ်ဆောက်ပစ္စည်းရောင်းချသူတယောက်ကလည်း “ဘိလပ်မြေက စက်ရုံတွေ မရတာလည်း ပါတယ်။ လမ်းတွေ ထိခိုက်ကုန်တော့ ပစ္စည်းက ပြတ်သလို ဖြစ်သွားတာကြောင့် ဈေးတက်တာ။ နောက်တခုက ငလျင်ထိခိုက်တယ်။ မန္တလေးတိုင်းထဲ ဘိလပ်မြေ လိုအပ်ချက်ပိုရှိမှာလေ။ အဓိက လမ်းတွေထိတော့ သယ်ယူပို့ဆောင်ရေးစရိတ် ပိုတက်သွားတယ်" ပြောပါတယ်။

ပုသိမ်မြို့အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တွေမှာ ဘိလပ်မြေအိတ်တွေရှိပေမဲ့  ဝယ်ယူသူတွေကို ကန့်သတ်နဲ့သာ  ရောင်းချပေးနေတယ်လို့  ပုသိမ်မြို့ခံတွေထံက သိရပါတယ်။

မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုပြီး အင်အားပြင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့လို့ လူနေအိမ်တွေ၊ လမ်းတံတားတွေ အဆောက်အဦတွေ များစွာ ပျက်စီးခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်း  ပုသိမ်မြို့မှာတော့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးတဲ့သတင်းတွေ မရရှိပါဘူး။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013