Home
မြန်မာသတင်း
ငလျင်ကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတချို့ ထိခိုက်ပျက်စီး
DVB
·
March 28, 2025

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၈၀ နဲ့ မိုင်တိုင်အမှတ် ၃၆၂ မိုင်မှာ မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လမ်းသားပြိုကျ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။

မိုင်တိုင်အမှတ် ၁၈၀ နဲ့ မိုင်တိုင်အမှတ် ၃၆၂ မိုင်မှာ အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့ပြီး လမ်းပျက်စီးသွားတာကြောင့် ယာဉ်အချို့ ရပ်ထားရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ကို ကားနဲ့ပြန်လာသူတယောက်က “ငလျင် အကြီးအကျယ်လှုပ်တာ ကြောက်စရာကြီး။ ခုရောက်နေတဲ့ မိုင်တိုင်အမှတ် ၃၆၂ မှာတော့ လမ်းပျက်စီးသွားလို့ ရှေ့ကိုလည်း ဆက်လို့မရဘူး။ လမ်းကျိုးကျတဲ့နေရာမှာ ပိတ်မိနေတယ်။ အခြားနေရာတွေလည်း ပျက်စီးဖို့များတယ်” လို့ DVB ကို ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်-နေပြည်တော် လမ်းပိုင်းမှာ တံတားတွေအပါအဝင် ၈ နေရာလောက် ပျက်စီးသွားတာရှိပြီး တချို့ လမ်းတံတားပိုင်းတွေမှာ ဆိုးဆိုးဝါးဝါး ပျက်စီးတာကြောင့် ကားတောင် ဖြတ်မောင်းလို့ အဆင်မပြေဘူးလို့ အမှတ် ၁၉၄ မိုင်မှာ ကားပိတ်မိနေတဲ့ ခရီးသွားတယောက်က ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်နဲ့ မြို့နယ်အတော်များများမှာ ဘုရားကျောင်း၊ စေတီပုထိုး၊ လမ်းတံတား၊ အဆောက်အဦတွေနဲ့ နေအိမ်တော်တော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013