
နည်းပညာသူဌေးကြီး အီလွန်မတ်စ်ခ်က သူ့ရဲ့ ရည်ရွယ်ချက်က ပြည်ထောင်စုအသုံးစရိတ် ကုန်ကျငွေ ဒေါ်လာ ၁ ထရီလီယံကို ဝန်ဆောင်မှုတွေကို မထိခိုက်ဘဲ လျှော့ချဖို့ ရည်ရွယ်တယ်လို့ Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
အစိုးရထိရောက်မှုဌာနက လက်ရှိအချိန်မှာ ဒေါ်လာ ၁ ထရီလီယံ လျှော့နိုင်မယ်လို့ ဘရက် ဘီရာရဲ့ အထူးအစီရင်ခံစာအရ အီလွန်မတ်စ်ခ်က ယုံကြည်နေပါတယ်။
အမေရိကန်နိုင်ငံဟာ တနှစ်အသုံးစရိတ် ဒေါ်လာ ၇ ထရီလီယံ ရှိပြီး ၆ ထရီလီယံအထိ လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အစိုးရထိရောက်မှုဌာနက အလုပ်သမားလျှော့ချမှုတွေ၊ စာချုပ်ဖျက်သိမ်းမှုနဲ့ ပိုင်ဆိုင်မှု ရောင်းချရငွေတွေကြောင့် မတ် ၂၄ ရက် စာရင်းအရ ဒေါ်လာ ၁၁၅ ဘီလီယံ သက်သာပြီလို့ ခန့်မှန်းရပါတယ်။
ဒါပေမဲ့ စုစုပေါင်းအသုံးစရိတ် လျှော့ချမှုတွေက အမှားအယွင်းတွေ ရှိနိုင်တာနဲ့ ပြန်လည်ပြုပြင်တာတွေကြောင့် အတိအကျတွက်ချက်ဖို့ ခက်ခဲနိုင်ပါတယ်။
ဘတ်ဂျက်ကျွမ်းကျင်သူတွေကတော့ အီလွန်မတ်စ်ခ်ဟာ လူမှုလုံခြုံရေးလို ပရိုဂရမ်တွေကို မဖြတ်တောက်ဘဲ သူ့ရဲ့ရည်မှန်းချက် မရောက်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်ကလည်း လူမှုလုံခြုံရေးအစီအစဉ်တွေကို ဖြတ်တောက်မှာ မဟုတ်ဘူးလို့ ကတိပြုထားပါတယ်။
တက်စလာဝန်ထမ်းတွေ၊ ဝယ်ယူသူတွေကို တိုက်ခိုက်မှုတွေပြုလုပ်တာနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို အီလွန်မတ်စ်ခ်က မှားယွင်းတဲ့ လုပ်ဆောင်မှုတွေလို့ ဖြေကြားခဲ့ပါတယ်။ ထရမ့်ပ်ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ အဓိကပစ်မှတ်က တက်စလာ ဖြစ်လာပါတယ်။
Source : Reuters