Home
သတင်းဓာတ်ပုံ
ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၂ ဦး ကျဆုံး
DVB
·
March 27, 2025

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်အစပ်က ရှေတန်းတိုက်ပွဲမှာ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) က ရဲဘော် ၂ ယောက်က စစ်ကောင်စီကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဒီနေ့ မတ် ၂၇ မှာ ထုတ်ပြန်ထားပါတယ်။

ဒုတပ်ခွဲမှူး ရဲဘော် ဘကြီးနဲ့ ဒုတပ်စိပ်မှူး ရဲဘော်ဇော်ပိုင် တို့ဟာ မတ် ၂၄ ရက်နေ့က ရှေ့တန်းမှာ ကျဆုံးခဲ့ရပြီး ၂၅ ရက်နေ့မှာ ဈာပနအခမ်းအနားပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

IPDF တပ်ရင်း တာဝန်ရှိသူက “ရန်သူနဲ့ အနီးကပ် ထိတွေ့ချိန် ကျဆုံးသွားပါတယ်။ သူတို့က ရှေ့ဆုံးက ထိုးဖောက်ရေးသမားတွေပါ။ တယောက်က နေရာမှာတင် ပွဲချင်းပြီး နောက်တယောက်က ထိလို့ ဆွဲရင်းကနေ ကျသွားတာ” လို့ ပြောပါတယ်။

ကျဆုံးခဲ့ရတဲ့ ရဲဘော် ဝေယံနိုင်(ခ)ဘကြီးနဲ့ ရဲဘော် လင်းထက်ပိုင် (ခ) ဇော်ပိုင်တို့ကို အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု အလေးထားပြီး မပြီးပြတ်သေးတဲ့ တော်လှန်ရေး ခရီးစဥ်ကို ဆက်လက်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်က မိုးဗြဲနဲ့ တခြားနေရာအချို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအား၊ လက်နက်ကြီးအားနဲ့ ဒရုန်းတွေကို အဓိကထား အသုံးပြုတိုက်ခိုက်နေတဲ့အပြင် မိုးဗြဲက ပြည်သူ့နေအိမ်တွေကိုလည်း မီးလောင်ဗုံးနဲ့ မီးရှို့ဖျက်ဆီးနေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013