Home
မြန်မာသတင်း
စလင်းမြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီး ၁ ပါး အပါအဝင် ၃ ဦး ဒဏ်ရာရ
DVB
·
March 25, 2025

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မတ် ၂၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့  ဘုန်းကြီးတပါး အပါအဝင် ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စလင်းမြို့နယ်၊ ဂွေးပင်ကျေးရွာက ရွှေစာရံဘုန်းကြီးကျောင်းကို မတ် ၂၄ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲကာ စက်လတ်တွေတဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ စလင်းမြို့နယ်ဒေသခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေစာရံဘုန်းကြီးကျောင်းက သက်တော် ၇၀ ကျော်အရွယ် ဘုန်းကြီးတပါးနဲ့ အသက် ၂၀ ဝန်းကျင်လူငယ် ၂ ယောက်ဒဏ်ရာရရှိခဲ့လို့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ်မှာ မတ် ၂၀ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူတယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

စလင်းမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာကျော်လောက်က ဒေသခံပြည်သူ ၅၀၀၀ ထက်မနည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013