Home
အားကစား
လာမည့်ရာသီ၌ ကစားသမား အနည်းဆုံး ၁၀ ဦး မန်ယူအသင်း ရောင်းထုတ်မည်
DVB
·
March 25, 2025
Premier League - Manchester United v Ipswich Town

မန်ယူအသင်းဟာ လာမယ့်နွေရာသီမှာ အနည်းဆုံး ကစားသမား ၁၀ ယောက်အထိ ရောင်းထုတ်ပြီး ထွက်ခွါခွင့်ပြုသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ မန်ယူနည်းပြ အာမိုရင်ဟာ အသင်းအတွက် အံမဝင်တဲ့ ကစားသမားတွေကို ရှင်းလင်းရေး လုပ်ဆောင်သွားမှာဖြစ်ပြီး အနည်းဆုံး ၁၀ ယောက်အထိ ရှိနေတာပါ။

နောက်ခံလူ ဂျွန်နီအီဗန်နဲ့ ဂိုးသမား တွန်ဟတ်တန်တို့က ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ပြီး အငှားချထားတဲ့ ကစားသမားတွေကိုလည်း အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။

ဂျေဒန်ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ မာလာစီယာတို့ကို အပြီးသတ် ရောင်းချသွားမယ့်အပြင် ကွင်းလယ်လူတွေဖြစ်တဲ့ ကတ်စမီရို၊ အဲရစ်ဆင်နဲ့ နောက်ခံလူ လင်ဒီလော့ဖ် ကိုလည်း ရောင်းချသွားဖို့ ပြင်ဆင်ထားပါတယ်။

ဒါ့အပြင် အရန်ဂိုးသမား ဘရင်ဒါရဲ့ အနာဂတ်ဟာလည်း မရေမရာဖြစ်နေပြီး ဘယ်နောက်ခံလူ လုခ်ရှောကိုလည်း သင့်တော်တဲ့ ကမ်းလှမ်းမှု ရှိမယ်ဆိုရင် ရောင်းချသွားဖို့ မန်ယူအသင်းက ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013