Home
အားကစား
မန်ယူတောင်ပံတိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ကို မာဆေးလ်အသင်း ထုတ်ပယ်မည်
DVB
·
March 20, 2025
Photo : Reuters

ပြင်သစ်ကလပ် မာဆေးအသင်းဟာ မန်ယူတောင်ပံတိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ကို အသင်းကနေ ထုတ်ပယ်သွားဖို့ ပြင်ဆင်နေပါတယ်။

အသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက် အရန်ခုံထိုင်ခဲ့ရတဲ့ ဂရင်းဝုဒ်အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ လုံလောက်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခြင်းမရှိတာကြောင့် နည်းပြဒီဇာဘီနဲ့ အဆင်မပြေ ဖြစ်နေတာပါ။

ဂရင်းဝုဒ်ဟာ အခုနှစ်ရာသီမှာ မာဆေးအသင်းအတွက် ၂၈ ပွဲမှာ ၁၅ ဂိုးသွင်းပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ဂရင်းဝုဒ်အပေါ် သူများတွေထက်ပိုပြီး လေးစားမှုရှိကြောင်း၊ လက်ရှိစွမ်းဆောင်ရည်ဟာ လုံလောက်မှုမရှိသေးဘဲ  အခုထက်ပိုပြီး ခြေစွမ်းပြသနိုင်ခဲ့သင့်ကြောင်း နည်းပြဒီဇာဘီက ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013