
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေပြီး ခန်းယူးနစ်မြို့မှာ ဗုံးကြဲခဲ့လို့ တရက်အတွင်း ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်နဲ့အရာရှိ ဆာလာ ဟယ်လ် ဘာဒါဝီလ် အပါအဝင် ပါလက်စတိုင်း ၃၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်တောင်ပိုင်းမှာ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် လူ ၇ ယောက် ထက်မနည်း သေဆုံးခဲ့တာပါ။
ဟစ်ဇ်ဘိုလာနဲ့ လွန်ခဲ့တဲ့ ၄ လက ရထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလည်း အန္တရာယ်ဖြစ်စေခဲ့ပါတယ်။
အစ္စရေးရဲ့ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်း ၄၉,၇၄၇ ဦး ထက်မနည်းသေဆုံးပြီး ၁၁၃,၂၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဂါဇာကမ်းမြောင် အစိုးရမီဒီယာရုံးက သေဆုံးသူဦးရေဟာ ၆၁,၇၀၀ ကျော်သွားပြီလို့ ပြောပါတယ်။
အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေတဲ့ ပါလက်စတိုင်း ထောင်နဲ့ချီသေဆုံးတယ်လို့ ယူဆရပါတယ်။
Source: Reuters