Home
အားကစား
ဟွိုက်လန်း၏ အတုယူအောင်ပွဲခံမှုအပေါ် စိတ်ထဲမထားကြောင်း စီရော်နယ်ဒို ပြော
DVB
·
March 23, 2025
Photo: Liselotte Sabroe/Ritzau Scanpix via REUTERS

ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းရဲ့ အတုယူအောင်ပွဲခံမှုအပေါ် စိတ်ထဲမထားကြောင်း ပေါ်တူဂီ  တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောသွားပါတယ်။

ပေါ်တူဂီက ဒိန်းမတ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ် ပထမအကျော့ပွဲစဉ်မှာ ဟွိုက်လန်းက အနိုင်ဂိုးသွင်းယူအပြီးမှာ စီရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း ပြုမူသွားခဲ့တာပါ။

အဲဒီလို အတုယူအောင်ပွဲခံမှုက မိမိအတွက် ပြဿနာမရှိဘဲ မိမိကို မလေးမစား ပြုမူတဲ့အရာလည်း မဟုတ်ကြောင်း၊ မိမိရဲ့အောင်ပွဲခံဟန်ကို ဟွိုက်လန်း တယောက်တင်မကဘဲ တကမ္ဘာလုံးက ကစားသမားတွေ လုပ်ဆောင်နေတာဖြစ်လို့ ဂုဏ်ယူစရာဖြစ်ကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။

ဒိန်းမတ်နဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဂိုးသွင်းယူပြီး ဟွိုက်လန်းရဲ့ ရှေ့မှောက်မှာ အလားတူ အောင်ပွဲခံမှု ပြုလုပ်သွားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း စီရော်နယ်ဒိုက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013