Home
နိုင်ငံတကာ
တူရကီနှင့် တောင်ကိုရီးယားမှ ကြက်ဥ သန်းချီ အမေရိကန် တင်သွင်းမည်
DVB
·
March 22, 2025
photo:Reuters

အမေရိကန်နိုင်ငံမှာ ကြက်ဥဈေးတွေ အမြင့်ဆုံးအချိန်ကိုရောက်နေလို့ တူရကီနဲ့ တောင်ကိုရီးယား က ကြက်ဥတွေ သန်းနဲ့ချီ တင်ပို့ဖို့ ထရမ့်ပ် အစိုးရက စီစဉ်နေပါတယ်။  

အမေရိကန်နိုင်ငံမှာ ကြက်ဌက်တုပ်ကွေးရောဂါ ဖြစ်ပွားနေလို့ ကြက်ကောင်ရေ သန်းပေါင်းများစွာ သတ်ပစ်ဖို့ မွေးမြူရေးသမားတွေကို တွန်းအားပေးခဲ့ပါတယ်။ 

အစိုးရကလည်း ဒေါ်လာ ၁ ဘီလီယံ အသုံးပြုပြီး ကြက်ဌက်တုပ်ကွေးရောဂါတိုက်ဖျက်ဖို့ စီစဉ်ခဲ့ပါတယ်။

“အချိန်တိုအတွင်းမှာ သန်းရာနဲ့ချီတဲ့ ကြက်ဥတွေ ရဖို့ ကျမတော်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျမတို့ နိုင်ငံရဲ့ ဥစားကြက်ကောင်ရေ လျော့ချခဲ့ပြီးနောက်မှာ ပြန်ပြီးတော့ ဖွံ့ဖြိုးအောင် လုပ် ရမှာပါ။ ဒီလို ပြန်ဖြစ်ဖို့ လအနည်းငယ်ကြာမယ်လို့ မျှော်လင့်ပါတယ်” လို့ စိုက်ပျိုးရေးဝန်ကြီး ဘရွန်ရိုလင်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ 

သမ္မတထရမ့်ပ်က မဲဆွယ်ပွဲမှာ ကြက်ဥဈေးတွေ ၆၅ ရာခိုင်နှုန်းကျော် လျော့ချပေးမယ်လို့ ပြောခဲ့ ပေမဲ့ ၂၀၂၅ ခုနှစ်မှာ ကြက်ဥဈေးတွေ ၄၁ ရာခိုင်နှုန်း တက်ခဲ့တာဖြစ်ပါတယ်။ 

ပိုလန်နဲ့ လစ်သူရေးနီးရား ကြက်ဘဲအဖွဲ့အစည်းက ကြက်ဥတင်ပို့ဖို့ အမေရိကန်သံရုံးကို ချည်းကပ် ခဲ့တယ်လို့ သောကြာနေ့က ပြောထားပါတယ်။

အမေရိကန် စိုက်ပျိုးရေဝန်ကြီးဌာနက ဖေဖော်ဝါရီလမှာ ကြက်ဥနဲ့ပတ်သက်တဲ့ အချက် ၅ ချက် ဆောင်ရွက်မယ့် ဒေါ်လာ ၁ ဘီလီယံတန် အစီအစဉ်ကို ဖော်ပြခဲ့ပါတယ်။ 

အဲ့ဒီအစီအစဉ်မှာ ဒေါ်လာ သန်း ၅၀၀ ကို ကြက်တွေရဲ့ ရောဂါကာကွယ်ရေး၊ ဒေါ်လာ သန်း ၁၀၀ ကို ကာကွယ်ဆေးလေ့လာမှုနဲ့ ဖွံ့ဖြိုးရေး၊ ဒေါ်လာ သန်း ၄၀၀ကို မွေးမြူရေးသမားတွေအတွက် ဘဏ္ဍာရေးကူညီမှုအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ 

ထရမ့်အစိုးရအဖွဲ့က ကြက်မွေးတဲ့လုပ်ငန်းတွေမှာ အကောင်းဆုံးတိုင်ပင်တဲ့ဝန်ဆောင်မှုကို အခမဲ့ ပေးသွားမှာဖြစ်ပြီး ကြက်ဌက်တုပ်ကွေးရောဂါကာကွယ်တဲ့ အားနည်းချက်တွေကို ကူညီဖို့ ကုန်ကျစရိတ်ရဲ့ ၇၅ ရာခိုင်နှုန်း တိုးမြှင့်ပေးမှာပါ။

H5N1 ကြက်ဌက်တုပ် ကွေးဟာ ၂၀၂၂ ခုနှစ်က စတင်ပြီး အမေရိကန် မွေးမြူရေးခြံတွေမှာ ဖြစ်ပွား ခဲ့တာကြောင့် ကြက်ကောင်ရေ ၁၅၆ သန်းကျော် သတ်ခဲ့ရကာ ကြက်ဥဈေးတွေလည်း စံချိန် တင်မြှင့်တက်ခဲ့တာဖြစ်ပါတယ်။ 

အဲဒါကြောင့် ပြီးခဲ့တဲ့နှစ် မဲဆွယ်ပွဲတွေမှာ ထရမ့်ပ်က ကြက်ဥဈေးတွေ တက်နေလို့ စိတ်ပျက်နေတဲ့ မဲပေးသူတွေရဲ့ အကြိုက် ကြက်ဥဈေးတွေ ကျအောင် ဆောင်ရွက်မယ်လို့ ထရမ့်ပ်က မဲဆွယ်ခဲ့ တာပါ။ 

ဒီလအတွင်း လွှတ်တော်မှာ ပြောခဲ့တဲ့မိန့်ခွန်းမှာလည်း သမ္မတဟောင်းဘိုင်ဒန်ကို ကြက်ဥ ဈေးနှုန်း တက်တာနဲ့ ပတ်သက်ပြီး ထရမ့်ပ်က အပြစ်တင်ခဲ့ပါသေးတယ်။

ဘိုင်ဒန်အစိုးရလက်ထက်မှာ ကြက်ဌက်တုပ်ကွေးကြောင့် ကြက်ဥဈေးတွေ မြင့်တက်ခဲ့သလို ထရမ့်ပ်ရဲ့ ဒုတိယသမ္မတသက်တမ်းအစမှာလည်း ကြက်ဥ‌ဈေးတွေ ဆက်ပြီး မြင့်တက်နေတာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013