Home
နိုင်ငံတကာ
“အမှိုက်ထုပ်တွေ မရှင်းလင်းရင် အမေရိကသင်္ဘောကြီး နစ်သွားလိမ့်မယ်” - အီလွန်မတ်စ်ခ်
DVB
·
March 20, 2025
Photo: REUTERS/Kevin Lamarque

အစိုးရရဲ့ အမှိုက်ထုပ်တွေကို မရှင်းလင်းရင် အမေရိကသင်္ဘောကြီး နစ်မြုပ်သွားလိမ့်မယ်လို့ အိမ်ဖြူတော်အကြံပေး အီလွန်မတ်စ်ခ်က မတ် ၁၈ ရက်မှာ ပြောပါတယ်။

နည်းပညာရှင် ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်က “ဒါကပဲ သူ ဒီအိမ်ဖြူတော်ကို ရောက်နေရတဲ့ အကြောင်းရင်းဖြစ်ပြီး အကျင့်ပျက် ခြစားမှုတွေနဲ့ အမှိုက်တွေကြောင့် အမေရိက ဒေဝါလီခံရမှာကို အရမ်းစိုးရိမ်မိပါတယ်”လို့ Fox News သတင်းဌာနရဲ့ နိုင်ငံရေးစကားဝိုင်း အစီအစဉ်ဖြစ်တဲ့ “Hannity” ရှိုးမှာ ပြောကြားခဲ့ပါတယ်။

အမေရိက သင်္ဘောကြီးဟာ နစ်မြုပ်တော့မှာဖြစ်ပြီး ကျနော်တို့လည်း အဲဒီသင်္ဘောပေါ်မှာ အတူတူ ရှိနေတာလို့လည်း ဆိုပါတယ်။

အီလွန်မတ်စ်ခ်က “ဒါဟာ ချမ်းသာကြွယ်ဝသူတွေ သို့မဟုတ် နည်းလမ်းပေါင်းစုံ ရှိသူတွေ၊ ကုမ္ပဏီတွေကို ထိန်းချုပ်နိုင်တဲ့လူတွေအတွက် ဖြစ်နိုင်တဲ့ သတင်းစကားတခုကတော့ အမေရိကသင်္ဘော နစ်သွားရင် သူတို့ကုမ္ပဏီတွေလည်း တည်ရှိနေမှာမဟုတ်ဘူး။ အနာဂတ်မှာ အမေရိကကို သန်မာစေဖို့အတွက် တတ်နိုင်သမျှ လုပ်သင့်တယ်” လို့ ပြောသွားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အိမ်ဖြူတော်အကြံပေး အီလွန်မတ်စ်ခ်တို့ဟာ အင်အား ၂ ဒသမ ၃ သန်းရှိတဲ့ အရပ်ဘက် ဖက်ဒရယ်လုပ်သားတွေ အင်အားကို လျှော့ချတဲ့ လှုပ်ရှားမှုကမ်ပိန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး ဝန်ထမ်းပေါင်း ၁ သိန်းကျော်ကို အလုပ်ထုတ်ပစ်ခြင်းနဲ့ လျော်ကြေးပေးကာ ကိုယ့်သဘောဆန္ဒနဲ့ နုတ်ထွက်စေခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

အလုပ်ရပ်စဲခြင်းတွေဟာ လက်ရှိအလုပ်အကိုင်မှာ လုပ်သက် ၁ နှစ်အောက်သာ ရှိသေးတဲ့ အလုပ်သမားတွေနဲ့ သက်တမ်းကြာတာထက် အလုပ်ကာကွယ်မှု ပိုနည်းတဲ့ ဝန်ထမ်းတွေကို အဓိကရည်ရွယ်ပြီး အလုပ်ထုတ်ပစ်တာ ဖြစ်ပါတယ်။

Source : Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013