Home
နိုင်ငံတကာ
ကမ္ဘာ့ပထမဆုံး ပွင့်လင်းလူသားပုံစက်ရုပ်နှင့် နောက်ဆုံးပေါ် AI ချစ်ပ်ကို Nvidia မိတ်ဆက် 
DVB
·
March 19, 2025
Photo : NVIDIA Handout

ကမ္ဘာ့ပထမဆုံး ပွင့်လင်းလူသားပုံစက်ရုပ်နဲ့ နောက်ဆုံးပေါ် AI ချစ်ပ်တို့ကို Nvidia က မိတ်ဆက်ခဲ့ပါတယ်။ နှစ်ပတ်လည် Developer အစည်းအဝေး GTC 2025 မှာ Nvidia က မိတ်ဆက်ခဲ့တာပါ။

အဲဒီပွဲမှာ ကမ္ဘာ့ပထမဆုံး ပွင့်လင်းလူသားပုံစက်ရုပ်ပုံစံနဲ့ စက်ရုပ်ဖွံ့ဖြိုးမှုနှုန်း မြင့်မားစေတဲ့ Frameworks တွေကိုပါ Nvidia က ဖော်ပြခဲ့တာပါ။

ရှေ့ပြေးပုံစံက Open source ဖြစ်ပြီး Nvidia က ရုပ်ပိုင်းဆိုင်ရာ အင်ဂျင်ပိုင်းကို ဖွံ့ဖြိုးတိုးတက်အောင် ချဲ့ထွင်ပေးရမှာ ဖြစ်ပါတယ်။

Google DeepMind နဲ့ Disney Research တို့က စက်ရုပ်သင်ကြားမှုနဲ့ ဖွံ့ဖြိုးမှုတွေ ဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

General Motor ကလည်း AI ချစ်ပ်တွေနဲ့ Nvidia က ဆော့ဝဲလ်တွေ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

General Motor က ကားတွေမှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စက်ရုံတွေမှာ လုပ်ငန်းလည်ပတ်မှုတွေ တိုးတက်ဖို့လည်း ရည်ရွယ်ပါတယ်။

ကုမ္ပဏီတွေက Nidia ပလက်ဖောင်းတွေ အသုံးပြုပြီး AI ကုန်ထုတ်လုပ်မှုတွေပါ တိုးတက်ဖို့ ရည်ရွယ်ထားတာ တွေ့ရပါတယ်။

General Motor ဟာ Nvidia ရဲ့ အနာဂတ်မှာ အသုံးပြုမယ့် ယာဉ်မောင်းအထောက်အက်ပြု စနစ်တွေကိုလည်း အသုံးပြုဖို့ အစီအစဉ်ရှိပါတယ်။

Nvidia စီအီးအို ဂျက်ဆင်ဟူအန်က GPU ချစ်ပ် Blackwell Ultra အပါအဝင် Blackwell ချစ်ပ်မှာ Memory ပိုပြီးထည့်နိုင်မယ့် AI မော်ဒယ်တွေကို ပိုပြီး ပံ့ပိုးမှုတခု ဖြစ်နိုင်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

Nvidia ရဲ့ ကြေညာမှုထဲမှာ General Motor က self-drive အတွက် Nvidia ကို ရွေးချယ်ထားတယ် လို့လည်း ကြေညာခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013