Home
နိုင်ငံတကာ
AI ပါသည့် iPhone 16e အမျိုးအစားအသစ် Apple မိတ်ဆက်
DVB
·
February 20, 2025
Photo : Reuters

Apple က AI ရတဲ့ ဘတ်ဂျက်ဖုန်းအဖြစ် iPhone 16e ကို ဖေဖော်ဝါရီ ၁၉ ရက်က စတင်မိတ်ဆက်လိုက်ပါတယ်။

iPhone 16e ဟာ အလယ်အလတ်တန်းစား အသုံးပြုသူတွေအတွက် အဓိက ရည်ရွယ်တာဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယ ဈေးကွက်မှာ ပြန်လည်နေရာရဖို့ လိုအပ်နေပါတယ်။

ဒီဖုန်းအသစ်ဟာ 6.1 လက်မ Super Retina XDR OLED မျက်နှာပြင်ကို သုံးထားပြီး A18 ချစ်ပ်၊ 48 Megapixel Fusión ကင်မရာနဲ့ အဆင့်မြှင့်ထားတဲ့ ဘက်ထရီသက်တမ်းတို့ ပါဝင်ပါတယ်။

ဘတ်ဂျက်စီးရီးကို SE နာမည်နဲ့ ထုတ်လုပ်ခဲ့တဲ့ Apple ဟာ နာမည်ပြောင်းပြီး mid-range Phone တွေထဲမှာ AI tools ပါဝင်တဲ့  Android ဖုန်းတွေဖြစ်တဲ့ ဟွာဝေးနဲ့ ဆမ်ဆောင်း ဖုန်းတွေကို အဓိက ယဉ်ပြိုင်ဖို့ ထုတ်လုပ်တာဖြစ်ပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၃ လပတ်မှာ ရောင်းအား ကျဆင်းခဲ့သလို ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ရောင်းအားကျဆင်းလာမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

16e ကို ၅၉၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး SE ဖုန်းတွေထက် ဒေါ်လာ ၁၇၀ ပိုပြီး အဆင့်မြှင့်ထားတယ်လို့ ဆိုပါတယ်။

iPhone 16e ဟာ Apple Intelligence အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်မြင့် ချပ်စ်ပါဝင်ပြီး Apple ရဲ့ flagships ဖုန်းတွေနဲ့ feature တွေ တူအောင် ပြုလုပ်ထားပါတယ်။

ဒါပေမဲ့ wide-angle camera မပါဝင်တာ၊ ခလုတ်တခုမပါတာ၊ မျက်နှာပြင် Display နည်းနည်းကွာခြားတာ၊ 16e က SE ထက် ဈေးကြီးပြီး ပိုကောင်းတဲ့ ဖုန်းပုံစံပေါက်အောင် ပြုလုပ်ထားပါတယ်။

ပြီးခဲ့တဲ့လက Apple ဟာ region တွေ language တွေ ပိုသုံးနိုင်အောင် Artificial intelligence feature တွေ ထည့်ပြီး iPhone ရောင်းအားကို တိုးမြင့်ဖို့ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက SE model တွေ ရောင်းချရမှုဟာ iPhones တွေ ရောင်းအား အားလုံးရဲ့ ၁၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ၁ ရာခိုင်နှုန်းသာရှိပြီး ရောင်းအားကျဆင်းခဲ့လို့ အသွင်သစ် ပုံစံသစ်နဲ့ mid-range ဖုန်းကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် iPhone SE ထုတ်လုပ်မှုဟာ ၂၀၁၆ ကနေ ၂၀၂၂ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။

16e ဟာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဘက်စုံသုံးလို့ရမယ့် ဖုန်းအဖြစ် ဥရောပနဲ့ တရုတ်နိုင်ငံက အသုံးပြုသူတွေကို ဆွဲဆောင်နိုင်မယ်လို့ Apple ရဲ့ အကြံပေးဖြစ်သူ ဘန်ဘာဂျာရင်က ပြောပါတယ်။

iPhone 16 e မှာ ၂၀၂၄ စက်တင်ဘာလက ထုတ်ထားတဲ့ A18 ချစ်ပ်ပြား ပါဝင်မှုနဲ့ အသုံးပြုသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တာပါ။

iPhone 16e ဟာ စက်တင်ဘာလက မိတ်ဆက်ခဲ့တဲ့ iPhone 16 ထက် ဒေါ်လာ ၂၀၀ လျော့နည်းပြီး အရောင်အနေနဲ့ အဖြူနဲ့ အမည်းသာ ရရှိမှာဖြစ်ပါတယ်။

iPhone 16e ရဲ့ ထူးခြားချက်ကတော့ Apple ရဲ့ ကိုယ်တိုင်ထုတ်တဲ့ မော်ဒန်ဖြစ်တဲ့ Ci ချစ်ပ်ကို ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းပဲဖြစ်ပါတယ်။

iPhone 16e ကို ဖေဖော်ဝါရီ ၂၁ ရက်မှာ စတင်မှာကြားနိုင်ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှာ ဝယ်ယူရရှိနိုင်မှာပါ။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013