Home
မြန်မာသတင်း
KNLA တပ်မဟာ ၇ ဌာနချုပ်ကို စစ်တပ်က ကာမီကာဇေဒရုန်းဖြင့် ဗုံးကြဲ
DVB
·
March 18, 2025

ကရင်ပြည်နယ် လှိုင်းဘွဲမြို့အတွင်း ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၇ ဌာနချုပ်ကို မတ် ၁၈ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက ကာမီကာဇေ ဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ တပ်မဟာ ၇ တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

“ကာမီကာဇေ လေယာဥ်အငယ် (ဒရုန်း) တွေ ဌာနချုပ်ရဲ့အနောက်ဘက်မှ ပျံသန်းလာတာကို တွေ့ရှိရပြီး ၃ နာရီအချိန်မှ ဗုံးပေါက်ကွဲသံ စတင်ကြားရပါတယ်။ နောက်ထပ်တလုံးကတော့ မိနစ်ပိုင်းသာသာ အချိန်ကြာပြီးမှ ပေါက်ကွဲသံကြားရတယ်။”

ကာမီကာဇေ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် KNLA စစ်ဦးစီးချုပ်အိမ်ရဲ့ မီတာ ၄၀ လောက်အကွာ အရှေ့ဘက်တလုံး၊ အနောက်ဘက် တလုံး၊ မြောက်ဘက်တလုံး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013