Home
နိုင်ငံတကာ
ပူတင်နှင့် ထရမ့်ပ်တို့ ဖုန်းပြောမည်ဟု ရုရှား သမ္မတနန်းတော်အတည်ပြု 
DVB
·
March 18, 2025
Photo: Reuters

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မတ် ၁၈ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဖုန်းပြောမယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။

အင်္ဂါနေ့မှာ ပူတင်နဲ့ စကားပြောဖို့ စီစဉ်ထားပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ထရမ့်ပ်က အစောပိုင်းက ပြောပါတယ်။

ရုရှားမြို့တော် မော်စကိုမှာ ထရမ့်ပ်ရဲ့ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ ပူတင်တို့အကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ခဲ့တယ်လို့ ပြောအပြီး ခုလို အတည်ပြုတာပါ။

စီစဉ်ထားတဲ့ ဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီပဲ့စ်ကို့ဗ်က ဟုတ်တယ်လို့ အတည်ပြုပါတယ်။

သီတင်းပတ်ကုန်ရက်မှာ အလုပ်တွေအများကြီး ပြီးမြောက်ခဲ့တယ်လို့ ထရမ့်ပ်က ပြောခဲ့ပြီး အမေရိကန်အစိုးရမှာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေး အလွန်ကောင်းတဲ့ အခွင့်အလမ်း ရှိတယ်ထင်တယ်လို့လည်း သူက ပြောပါတယ်။ 

မြေယာနဲ့ ဓာတ်အားပေးစက်ရုံတွေအကြောင်း ပြောမယ်လို့ ထရမ့်ပ်က ပြောပေမဲ့ အသေးစိတ်ကို မပြောခဲ့ပါဘူး။ ဒီသဘောထားမှတ်ချက်တွေနဲ့ ပတ်သက်ပြီးမေးရာမှာ သမ္မတနှစ်ယောက်ကြားက လာမယ့် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မသင့်လျော်ဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013