Home
နိုင်ငံတကာ
အပစ်ရပ်ရေး ဆွေးနွေးရန် အမေရိကန် တာဝန်ရှိသူများ ရုရှားကို သွားရောက်
DVB
·
March 13, 2025
Photo : Reuters

ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးဖို့ အမေရိကန်အဖွဲ့တွေက ရုရှားကို သွားခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ယူကရိန်းနဲ့ အမေရိကန်အရာရှိတွေ ဆော်ဒီအာရေဗျမှာ ဆွေးနွေးခဲ့မှုနောက်ပိုင်း ယူကရိန်းက ရက် ၃၀ အပစ်အခတ်ရပ်မယ်လို့ သဘောတူခဲ့တာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အခုအချိန်ဟာ ရုရှားဆုံးဖြတ်ရမယ့် အချိန်ပါလို့ ပြောထားပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက တခုတည်းသောနည်းလမ်း ဖြစ်တယ်လို့ အမေရိကန်က ယုံကြည်နေပါတယ်။

အမေရိကန်အဖွဲ့တွေ ရုရှားကို လာရောက်ချိန် ရုရှားသမ္မတပူတင်ဟာ ကာ့ခ်ဒေသကို သွားရောက်လည်ပတ်နေတယ်လို့ ရုရှားက ကြေညာပါတယ်။

ဂျက်ဒါမှာ ယူကရိန်းနဲ့ အမေရိကန်တို့ တွေ့ဆုံခဲ့ပြီးနောက် ဇလန်းစကီးက နောက်ထပ်လုပ်ရမှာက ရုရှား သဘောတူဖို့ အမေရိကန်က ဆောင်ရွက်ရမှာပါလို့ ပြောပါတယ်။

ရုရှားအစိုးရအဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လေ့လာနေပြီး ထရမ့်ပ်နဲ့ ပူတင်အကြား ဖုန်းခေါ်ဆိုမှုတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

အိုင်ယာလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာတော့ ထရမ့်ပ်က ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကောင်းတဲ့သတင်းတွေ ရထားတယ်လို့ ပြောပါတယ်။

ကာ့ခ်ဒေသကို ပူတင် အံ့ဩဖွယ် သွားရောက်လည်ပတ်မှုက ပြီးခဲ့တဲ့ ဩဂုတ်လက ယူကရိန်းက ထိုးစစ်ဆင်ပြီး ပထမဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ပူတင်ဟာ ကာ့ခ်ဒေသ နယ်စပ်မှာရှိတဲ့ ယူကရိန်းတွေကို နောက်ဆုံးမောင်းထုတ်ဖို့ ရုရုားတပ်တွေကို ပြောဆိုခဲ့တယ်လို့ ရုရုားအစိုးရက ထုတ်ပြန်ပါတယ်။

ပူတင်ရဲ့ စစ်တပ်ကို အမိန့်ပေးမှုထဲမှာ ဒီဒေသတွင်း ယူကရိန်းတွေအားလုံး မရှိဖို့ ပါရှိတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။

ယူကရိန်း စစ်ဦးစီးချုပ်ကလည်း ကာ့ခ်ဒေသတွေထဲက တပ်တွေကို ပြန်ဆုတ်ခွါဖို့ ညွှန်ကြားထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013