Home
မြန်မာသတင်း
ကျောက်ဖြူတွင် စစ်ကောင်စီတပ် ဗုံးကြဲသဖြင့် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီး
DVB
·
March 13, 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ကျေးရွာကို မတ် ၁၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ဘုန်ကြီးကျောင်းနဲ့ ဓမ္မာရုံအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ကျေးရွာကို မတ် ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်က ဒရုန်းနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် ဒေသခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီဗုံးသီးတွေ ပေါက်ကွဲခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကြတ္တိန်ကျေးရွာကို မတ် ၇ ရက်၊ ၉ ရက်နဲ့ ၁၁ ရက်နေ့တွေမှာလည်း စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ နေအိမ် ၄၅ လုံးနဲ့ ဆန်တောင်း(၆ပြည်) ၁၀,၁၀၀ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားပြည်သူ ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013