
ယူကရိန်းနိုင်ငံက အမှတ် ၁၀ အဒ်ဒယ်ဝိုက်စ် သီးခြားတောင်ပေါ် ချေမှုန်းရေးတပ်မဟာက ဖြန့်ချိတဲ့ မတ် ၈ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား ဗီဒီယိုထဲမှာ အသစ်စုဆောင်းထားတဲ့ လူငယ်တွေကို မြင်တွေ့ခဲ့ရပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီမှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်း လူငယ်တွေ စစ်မှုထမ်းဖို့ တနှစ်ကို ဒေါ်လာ ၂၄,၀၀၀ လောက်နဲ့ အပိုဆုကြေး အများကြီး ပေးရင်း လူငယ်တွေကို လူသစ်စုဆောင်းခဲ့ပါတယ်။
စစ်တပ်ထဲမှာ စစ်သားတွေ ပိုများလာစေရေး ဖိအားတွေအောက်မှာ ယူကရိန်းလွှတ်တော်က မနှစ်က အသက် ၂၇ နှစ်ကနေ ၂၅ နှစ်အထိ အသက် ကန့်သတ်ချက် လျှော့ချစည်းရုံးခြင်းဆိုင်ရာ ဥပဒေသစ်ကို အတည်ပြုခဲ့ပြီး စစ်မှုထမ်း တာဝန်ကို ရှောင်ကြဉ်သူ ဘယ်သူမဆို ပြစ်ဒဏ်တွေ ကျခံဖို့ ချမှတ်ပေးခဲ့ပါတယ်။
ဒေါ်လာ ၂၄၀၀၀ လစာပေးဖို့ ကတိ၊ များပြားတဲ့ ဆုကြေးငွေတွေအပြင် ချေးငွေနဲ့ ငှားရမ်းခတွေအတွက် ထောက်ပံ့ကြေးတွေကိုလည်း ကမ်းလှမ်းထားပါသေးတယ်။
စာချုပ်နဲ့ နောက်ဆုံးပိုင်းမှာတော့ တပ်သားသစ်အဖြစ် နောက်ထပ် စုဆောင်းခြင်းကနေ ၁၂ လ ကင်းလွတ်ခွင့်ကိုလည်း ပေးထားပါတယ်။
Source: Reuters