Home
နိုင်ငံတကာ
ရုရှားရန်မှ ကာကွယ်ရန် ပူးတွဲစစ်ရေးလေ့ကျင့်မှု အရေးကြီးဟု အမေရိကန်နှင့် ဗြိတိန် တပ်မှူးများ ပြော
DVB
·
March 12, 2025
Photo: REUTERS/Toby Melville

ဥရောပကို ရုရှားရန်ကနေ ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုက အရေးကြီးတယ်လို့ အမေရိကန်နဲ့ ဗြိတိန်တပ်မှူးတွေက မတ် ၁၁ ရက်မှာ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားအစိုးရကို ချဉ်းကပ်ပုံအရ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အပေါ်ထားတဲ့ အမေရိကန်အစိုးရရဲ့ ကတိကဝတ်အပေါ် သံသယတွေ ပွားများလာပြီးနောက် ခုလိုပြောလိုက်တာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး ဥရောပမှာ စစ်ဆင်ရေး ၉ ခု ပြီးမြောက်ခဲ့တဲ့ ဗုံးကြဲတပ်ဖွဲ့ကို NATO ရဲ့ လက်ထောက် လေတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန်အရာရှိ လေတပ်ဦးစီးချုပ် ဂျွန်နီ စထရင်းဂါးနဲ့ အမေရိကန်ရဲ့ အမှတ် ၈ လေတပ် စစ်ဦးစီးမှူး ဗိုလ်ချုပ်ကြီး ဂျေဆွန် အာမာဂို့စ်တို့ အတူ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ထရမ့်ပ်အစိုးရလက်ထက် NATO နဲ့ အမေရိကန် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး မသေချာ မရေရာမှုနဲ့ ပတ်သက်ပြီး မေးချိန်မှာ ၂ ယောက်စလုံးက နိုင်ငံရေးကို နိုင်ငံရေးသမားတွေအတွက် ထားဖို့ စိတ်အားထက်သန်ခဲ့ကြပေမဲ့ အမေရိကန်နဲ့ ဥရောပအကြား ပူးပေါင်းဆောင်ရွက်မှုက လုံခြုံရေးကို ပိုမိုခိုင်မာစေတယ်လို့ သူတို့ ၂ ယောက်စလုံးက ယုံနေတာ ရှင်းနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013