
ဆီးရီးယားနိုင်ငံ အနောက်ပိုင်း ဘားနိယာ့စ်မြို့ ဧရိယာထဲမှာ သတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး နောက် မတ်လ ၁၀ ရက်က ဘားနိယာ့စ် အမျိုးသားဆေးရုံ အပြင်ဘက်မှာ အအေးခန်း ကွန်တိန်နာတွေ ရောက်ရှိလာကြောင်း မျက်မြင်သက်သေကပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ထားသိုဖို့ ဆေးရုံသုံး ရေခဲသေတ္တာတွေ မလုံလောက်တော့တာကြောင့် အလောင်းတွေထည့်ဖို့ အအေးခန်းကွန်တိန်နာတွေ ယူလာတယ် ဆိုတာ ကြားသိရကြောင်းနဲ့ အခုထိ ရုပ်အလောင်းတွေက ဘားနိယာ့စ် ဆေးရုံကို ရောက်လာနေတုန်းပါပဲလို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီဇင်ဘာလတုန်းက အာဆတ်ကို ဖြုတ်ချခဲ့တဲ့ သူပုန်လှုပ်ရှားမှုအဖွဲ့ရဲ့ခေါင်းဆောင် အာမဒ်ရှာရား ဟာ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေကို လိုက်လံဖမ်းဆီးဖို့ မတ် ၉ ရက်မှာ ကတိပြုလိုက်ပြီး အရပ်သားတွေ အများစု အပါအဝင် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရတယ် လို့ ဆိုပါတယ်။
ရာထူးမှ ဖယ်ရှားခံရတဲ့ အာဏာရှင်သမ္မတဟောင်း ဘာရှား အလ်-အာဆဒ် ရဲ့ သစ္စာခံတွေက နိုင်ငံရဲ့ အစ္စလာမ္မစ် အုပ်ချုပ်သူအသစ်တွေကို ဆန့်ကျင်ကန့်ကွက်နေကြပြီး အခွင့်အာဏာကို လွန်လွန်ကဲကဲ အသုံးချသူ ဘယ်သူမဆို တာဝန်ခံစေရမယ် လို့လည်း ဆီးရီးယားခေါင်းဆောင်သစ် အာမဒ်ရှာရားက ပြောပါတယ်။
Source:Reuters