
ဆီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့ ဆီးရီးယား၊ တူရကီနဲ့ အီရတ်နိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့တွေ ဂျော်ဒန်နိုင်ငံမြို့တော် အမ်မန်ကို မတ် ၉ ရက်မှာ ရောက်လာပါတယ်။
ဆွေးနွေးပွဲ အစီအစဉ်မှာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်မှု နှိမ်နင်းရေးနဲ့ ဒေသဆိုင်ရာ ကိစ္စရပ်တွေအပြင် ရာဇ၀တ်မှုတိုက်ဖျက်ရေး အစီအမံတွေ ပါတယ်လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဆီးရီးယားသမ္မတဟောင်း ဘတ်ရှား အယ်လ်အာဆတ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဖြုတ်ချပြီးကတည်းက အိုင်အက်စ် စစ်သွေးကြွအဖွဲ့ ပြန်ပေါ်ပေါက်လာနိုင်တယ်လို့ အနောက်ဥရောပနဲ့ အရှေ့အလယ်ပိုင်း အစိုးရတွေက သတိပေးထားတာပါ။
ဆီးရီးယားနိုင်ငံရဲ့ ကြားဖြတ်သမ္မတ အာမက်ရှာရာက ၁၃ နှစ်ကြာ ပြည်တွင်းစစ်အတွင်း လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီး နိုင်ငံရဲ့ အစ္စလာမ္မစ် အုပ်စိုးသူအသစ်တွေကို ဆန့်ကျင်တဲ့ အာဆတ်ရဲ့ သစ္စာခံတွေကို ဖက်ပြိုင် အန်တုရင်း ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ပါတယ်။
အာဆတ်ရဲ့ ကမ်းရိုးတန်းဒေသက အမာခံနယ်မြေမှာ လေးရက်မြောက် ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှုအတွင်း အရပ်သားအများစုဖြစ်တဲ့ လူပေါင်း ၁,၀၀၀ လောက် သေဆုံးပြီးပြီလို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တဖွဲ့က ပြောခဲ့ပါတယ်။
Source: Reuters