Home
မြန်မာသတင်း
USAID အစီအစဉ် ၅,၀၀၀ ကျော်ကို ပယ်ဖျက်ခံရ၊ မြန်မာကို ကူညီပေးရန် စာတမ်း ကန်လွှတ်တော်ထံ တင်ပြမည် 
DVB
·
March 11, 2025
Photo: Reuters

အမေရိကန်နိုင်ငံက နိုင်ငံတကာကို ထောက်ပံ့နေတဲ့  USAID လူသားစာနာနဲ့ဖွံဖြိုးရေးအကူအညီထဲက အစီအစဉ် ၅,၂၀၀ ကို ပယ်ဖျက်ပြီး အစီအစဉ် ၁,၀၀၀ လောက်သာ ကျန်ရှိမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ဒေသစံတော်ချိန် မတ် ၁၀ ရက်က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အကူအညီအားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကို ပယ်ဖျက်ခဲ့တာဖြစ်ပြီး ကျန်နေတဲ့ ၁၈ ရာခိုင်နှုန်းကိုတော့ လွှတ်တော်နဲ့ ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်မယ်လို့ မာကိုရူဘီအိုက ဖော်ပြထားပါတယ်။

လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ LA2M တည်ထောင်သူ ဂျိမ်းစ်ရွှေက “မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထောက်အပံ့တွေ ပယ်ဖျက်တဲ့အထဲမှာ ပါ၊ မပါမသိသေးပါဘူး။ မြန်မာနိုင်ငံရဲ့ အကူအညီ လိုအပ်ချက်နဲ့ ပေးလိုက်တဲ့ အကူအညီတွေဟာ အမေရိကန်က မျှော်မှန်းထားတဲ့ လုံခြုံရေးနဲ့ တိုးတက်ရေးတို့ကို ဘယ်လိုအထောက်အကူ ပြန်ပြုပေးနိုင်တယ်ဆိုတာ ရှင်းပြထားတဲ့ စာတမ်းတစောင်ကို လွှတ်တော်ကို တင်ပြသွားဖို့ရှိပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ လက်မှတ်တွေ လိုက်စုနေပြီး လွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံရောက် မြန်မာလူမှုအသိုက်အဝန်းတွေကြားထဲကို မြန်မာနိုင်ငံအတွက် အကူအညီ လိုအပ်ကြောင်းနဲ့ ပြန်လည်အထောက်အကူဖြစ်စေနိုင်မယ့် အချက်အလက်တွေ ဖော်ပြထားတဲ့ စာတမ်းတစောင်ကို တက်ကြွလှုပ်ရှားသူတွေက မကြာခင် ဖြန့်ဝေသွားမှာပါ။

အဲဒီစာတမ်းမှာ ပြည်နယ်အသီးသီးရောက် မြန်မာတွေက ပါဝင်လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာဒေသ လွှတ်တော်ကိုယ်စားလှယ်တွေဆီ ပြန်ပို့ပေးခြင်းအားဖြင့် ပြည်တွင်းက အကူအညီ လိုအပ်နေသူတွေဆီ အကူအညီတွေ ပြန်ရနိုင်ဖို့ တက်ကြွလှုပ်ရှားသူတွေက ကြိုးစားနေကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013