Home
နိုင်ငံတကာ
ကနေဒါနှင့် မက္ကဆီကိုအပေါ် အခွန်တိုးကောက်မှုကို ထရမ့်ပ် ရွှေ့ဆိုင်း
DVB
·
March 7, 2025
Photo : U.S. NETWORK POOL

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ကို အခွန်တိုးကောက်မယ့် နေ့ရက်ကို ရွှေ့ ဆိုင်းခဲ့ပါတယ်။

အမေရိကန်ရဲ့အကြီးဆုံး ကုန်သွယ်ဘက် ၂ နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုန်တင်သွင်းမှုကို စည်းကြပ်အခွန်ကောက်မယ့်ကိစ္စကို ဆုံးဖြတ်ခဲ့တာ ၂ ရက်အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။

အခွန်တိုးမြှင့်မယ့်ကိစ္စရွှေ့ဆိုင်းထားတာကို ‌ကျေးဇူးတင်ကြောင်း မက္ကဆီကို သမ္မတရှိန်းဘောင်းက ပြောထားသလို ကနေဒါ ဘဏ္ဍာရေးဝန်ကြီးကလည်း ကနေဒါရဲ့ အမေရိကန်ထုတ်ကုန်တွေအပေါ် ဒုတိယမြောက် လက်တုံ့ပြန်ပြီး အခွန်တိုးမြှင့်မယ့် ခြိမ်းခြောက်မှုကို ရပ်တန့်ထားမယ်လို့ ပြောထားပါတယ်။

ကနေဒါနိုင်ငံဟာ လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကုန်ပစ္စည်းတွေကို ဒေါ်လာ ၂၁ ဘီလီယံဖိုးကို ပစ်မှတ်ထားခဲ့ပါတယ်။

ကုန်သွယ်မှုစစ်ပွဲအရှိန်က ဈေးကွက်ကို မငြိမ်မသက်ဖြစ်စေပြီး  စီးပွားရေးဆိုင်ရာ ဆူပူမှုတွေဖြစ်လာမှာကို စိုးရိမ်စိတ်တွေလည်း တိုးလာပါတယ်။

ကြာသပတေးနေ့ နေ့လယ်မှာ အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီ ၅၀၀ ရဲ့ စတော့ရှယ်ယာညွှန်း ကိန်းဖြစ်တဲ့  S&P 500 ရဲ့ ဈေးနှုန်းကျဆင်းမှုက အဲ့ဒီနေ့မှာ ၁ ဒသမ ၈ ရာခိုင်နှုန်း နီးပါးနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒါပေမဲ့ အခွန်တိုးကောက်မှုတွေ ဆိုင်းငံ့တာက စတော့ဈေးကွက်မှာ ရှယ်ယာဈေးနှုန်းတွေ ကျဆင်းမှုကြောင့် မဟုတ်ဘူးလို့ ထရမ့်ပ်က ငြင်းဆိုထားပါတယ်။

အမေရိကန်ဟာ သွင်းကုန်ပမာဏ မက္ကဆီကို နိုင်ငံကနေ ၅၀ ရာခိုင်နှုန်း ကနေဒါနိုင်ငံကနေ ၆၂ ရာခိုင်နှုန်းရှိတယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူက ပြောထားပြီး ကုန်ပစ္စည်းကဏ္ဍအလိုက် အခွန်ကောက်ခံမှာ ဖြစ်ပါတယ်။

မက္ကဆီကိုသမ္မတရှိန်းဘောင်းနဲ့ ဖုန်းပြောအပြီးမှာ ထရမ့်ပ် ဧပြီ ၂ ရက်အထိ အခွန်လွတ် ငြိမ်းခွင့်ပေးဖို့ သဘောတူခဲ့ပါတယ်။

သူတို့ဟာ ကားထုတ်လုပ်သူနဲ့ အပိုပစ္စည်းတင်သွင်းသူတွေကို အကူအညီပေးဖို့ ရည်ရွယ်ခဲ့ကြတယ်လို့လည်း ရိုက်တာမှာ ဖော်ပြပါတယ်။

ဒီလို အခွန်တိုးရပ်ဆိုင်းမှုကြောင့် အမေရိကန်လယ်သမားတွေလိုအပ်တဲ့ ဓာတ်မြေဩဇာရဲ့ အဓိက ပါဝင်မှုဖြစ်တဲ့ ပိုတက်တင်သွင်းမှု အခွန်လည်း ၂၄ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပါတယ်။ 

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024