Home
မြန်မာသတင်း
ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် တည်ထောင်ပြီး ၃ နှစ်အတွင်း တပ်ဖွဲ့ဝင် ၉ ဦးကျဆုံး
DVB
·
March 6, 2025
BPDF

ကရင်နီပြည်နယ်၊ အမှတ် ၁၁ဝ၅ တပ်ရင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် BPDF ကို ၂၀၂၂ ခုနှစ် မတ် ၆ ရက်က စတင်တည်ထောင်ခဲ့ကာ တပ်ရင်းတည်ထောင်ပြီး ၃ နှစ်အတွင်း တပ်ဖွဲ့ဝင် ၉ ယောက်ကျဆုံးခဲ့ရပြီး အယောက် ၅၀  ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

BPDF တပ်ရင်းတာဝန်ရှိသူက “လူငယ်လူရွယ် နဲ့ မလိုက်ဖက်တဲ့အတွေ့အကြုံပေါ့။ ကိုယ့်ရှေ့မှာ ကျဆုံးတဲ့ သွေးပျက်စရာမြင်ကွင်းတွေလည်း အများကြီးရှိခဲ့ပါတယ်။ တော်လှန်ရေးဆိုတာ ပေးဆပ်ရတာလို့ ကျနော်နဲ့ ရဲဘော်ညီအစ်ကိုတွေက ခံယူထားတယ်ဗျ” လို့ ပြောပါတယ်။

BPDF ကို တော်လှန်လိုစိတ်ပြင်းပြတဲ့ လူငယ်လူရွယ်တွေနဲ့ ဖွဲ့စည်းထားပြီး ပြည်သူလူထုတန်းတူအခွင့်အရေးရဖို့၊ ဖက်ဒရယ်ဒီမိုကရေစီရဖို့အတွက် အသက်ကို ပဓာဏမထားဘဲ ပြည်သူလူထုအတွက် ပေးဆပ်ရင်း စစ်ကောင်စီတပ်ကို တော်လှန်နေတာလို့ ဆိုပါတယ်။

တပ်ရင်း ၃ နှစ်ပြည့်မှာ တပ်မတော်အလံကို အလေးပြုတာ၊ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေကို အလေးပြုတာ၊ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုမှတ်တမ်းပေးအပ်တာ၊ ခေါင်းဆောင်တွေက အားပေးစကားပြောတာ၊ အမှတ်တရဓာတ်ပုံရိုက်တာတွေ ပါဝင်ပြီး အခမ်းအနားကို EAO အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ မိဘပြည်သူတွေက တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

BPDF အနေနဲ့ ကရင်နီပြည်နယ်အနှံ့က ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ကောင်စီတပ်ကို တော်လှန်နေပြီး စစ်ကောင်စီတပ် အမြစ်ပြတ်သည်အထိ တော်လှန်သွားဖို့အတွက် သစ္စာပြုတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက်က ဘောလခဲမြို့ပြင်တနေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013