
အာဆင်နယ်လူငယ်ကြယ်ပွင့် အီသန်ဝမ်နရီဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ ထိုက်တန်ကြောင်း တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ချီးကျူးသွားပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ အီသန်ဝမ်နရီဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားထားပြီး ၈ ဂိုး သွင်းယူထားတာပါ။
ပီအက်စ်ဗွီကို အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချန်ပီယံလိဂ် ဒုတိယမြောက်သွင်းဂိုးရရှိပြီး ခြေစွမ်းပြခဲ့တာပါ။
အင်္ဂလန်နဲ့ မန်ယူ ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီကတော့ ဝမ်နရီဟာ အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ အဆင်သင့်ရှိနေပြီး အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖို့ အရည်အချင်းအားလုံး သူ့မှာရှိနေကြောင်း ပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်း စတာရစ်ချ် ကလည်း ရွန်နီရဲ့ မှတ်ချက်ပေါ် ထောက်ခံပြီး ဝမ်နရီကို ချီးကျူးခဲ့ပါတယ်။
လက်ရှိ စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းနိုင်မယ်ဆိုရင် အင်္ဂလန်အသင်းနဲ့ အနာဂတ် အများကြီးရှိနိုင်ကြောင်းလည်း ဝိန်းရွန်နီက သုံးသပ်သွားပါတယ်။