Home
အားကစား
ချန်ပီယံလိဂ် ရှုံးထွက်ပွဲတွင် လီဗာပူးက ပီအက်စ်ဂျီကို ၁ ဂိုး ဂိုးမရှိဖြင့်နိုင်
DVB
·
March 6, 2025
Photo: REUTERS/Sarah Meyssonnier

လီဗာပူးနဲ့ အရှုံးရလဒ်ဟာ မျှတမှုမရှိကြောင်း ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ပြောသွားပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ပီအက်စ်ဂျီအိမ်ကွင်းမှာ လီဗာပူးအသင်းက ပွဲချိန် ၈၇ မိနစ်မှာ သွင်းယူခဲ့တဲ့ လူစားဝင်ကစားသမား အီလီယော့ရဲ့ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ပွဲချိန်အတွင်းမှာ ဂိုးပေါက်ကန်သွင်းချက် ၂၇ ကြိမ်အထိ ရှိခဲ့ပြီး ၂၀၀၃-၂၀၀၄ ချန်ပီယံလိဂ်ပြိုင်ပွဲပြီးနောက် ရှုံးထွက်ပွဲစဉ်တပွဲမှာ ဂိုးပေါက်ကန်သွင်းချက် အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

လီဗာပူးအသင်းက နောက်ကျဂိုးနဲ့ အနိုင်ရသွားပေမဲ့ ဂိုးပေါက်ကန်သွင်းချက် ၂ ကြိမ်ကနေ ရရှိသွားတာဖြစ်ပြီး ဒီလိုပွဲမျိုးမှာ ဘောလုံးက တရားမျှတမှုမရှိကြောင်း နည်းပြ အင်းနရစ်က ပြောပါတယ်။

ဥရောပရဲ့ အကောင်းဆုံးအသင်းတသင်းကို ဂိုးကန်သွင်းခွင့်တွေ အများကြီး လုပ်ဆောင်နိုင်ခဲ့ပြီး ဒုတိယအကျော့မှာ လက်ရှိစွမ်းဆောင်ရည်အတိုင်းသာ ကစားနိုင်မယ်ဆိုရင် နောက်တဆင့်တက်ဖို့ မျှော်လင့်နိုင်ကြောင်း နည်ပြအင်းနရစ်က ပြောသွားပါတယ်။

အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီရဲ့ အပိုင်ကန်သွင်းချက် ၉ ကြိမ်အထိ ကာကွယ်နိုင်ခဲ့တဲ့ လီဗာပူးဂိုးသမား အလစ်ဆန်က အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013