Home
မြန်မာသတင်း
စစ်ကောင်စီက လက်လွှတ်ခဲ့ရသည့် ခမရ - ၅၀၁ ကို ဗုံးပြန်ကြဲ
DVB
·
March 3, 2025
kyaugh mae

ယခင်တပ်စခန်း ခမရ - ၅၀၁ ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

TNLA တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့၊  ၂ မိုင်ကုန်းရပ်ကွက်မှာရှိတဲ့ ယခင်တပ်စခန်း ခမရ ၅၀၁ တပ်စခန်းပေါ်ကို မတ် ၃ ရက် မနက် ၁၀ နာရီအချိန်က လေကြောင်းနဲ့ ဗုံး ၁ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီ ခမရ ၅၀၁ တပ်စခန်းဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းက TNLA က သိမ်းပိုက်ထားတာဖြစ်ပြီး အဲ့ဒီစခန်းအတွင်း တပ်စွဲနေထိုင်တာမျိုးတော့ မရှိဘူးလို့ TNLA စစ်ရေးသတင်းအရင်းမြစ်တယောက်က ပြောပါတယ်။

“ဘာလို့ လာကြဲတာလဲတော့မသိဘူး။ အဲ့ဒီမှာ တပ်ဖွဲ့တွေ တပ်စွဲထားတာမျိုးလည်း မရှိဘူး။ လူထိခိုက်တာမျိုးလည်းမရှိပါဘူး။ တမင်လာကြဲချင်လို့ လာကြဲသွားတာလားတော့မသိဘူး။”

စစ်ကောင်စီဟာ MNDAA နဲ့ ဆွေးနွေးပြီးနောက် MNDAA ထိန်းချုပ်ရာ ဒေသတွေကို လေကြောင်းမတိုက်ခိုက်တော့ပေမဲ့ ဆွေးနွေးမှုမအောင်မြင်သေးတဲ့ TNLA ထိန်းချုပ်တဲ့ ဒေသတွေကိုတော့ နေ့စဉ်လိုလို ဗုံးကြဲနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်လည်း နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မယ်သီလရှင်တပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့၊ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဆောင်ရွက်ပါလို့ TNLA က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013