
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ကြီးကြပ်ကွပ်ကဲနေပုံတွေကို ပြသထားတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား အစိုးရပိုင် KRT ရုပ်သံလိုင်းက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်လွှင့်လိုက်ပါတယ်။
စမ်းသပ်ပစ်လွှတ်မှုကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ကိုရီးယား အနောက်ပင်လယ်မှာ ပြုလုပ်ခဲ့ကြောင်း KRT က ပြောကြားခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ တိုင်းပြည်အတွက် အထိရောက်ဆုံး ကာကွယ်ရေးဖြစ်တဲ့ နျူးကလီးယား တိုက်ခိုက်နိုင်စွမ်းကို အသုံးပြုဖို့ အပြည့်အဝ အဆင်သင့်ရှိနေဖို့ အမိန့်ထုတ်ခဲ့ကြောင်းလည်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
ဒီစမ်းသပ်ပစ်လွှတ်မှုဟာ နိုင်ငံရဲ့ လုံခြုံရေး ပတ်၀န်းကျင်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး အားပေးအားမြှောက်လုပ်ကာ ထိပ်တိုက်ရင်ဆိုင်မှု ပတ်၀န်းကျင်ကို ကြီးထွားစေတဲ့ ရန်သူတွေကို သတိပေးဖို့နဲ့ သူ့ရဲ့ နျူးကလီးယား စစ်ဆင်ရေး နည်းလမ်းမျိုးစုံ အဆင်သင့် ရှိနေကြောင်းကို ပြသဖို့ ဒီဇိုင်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ကင်မ်ဂျုံအန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source : Reuters