
ကုမ္ပဏီတခုဟာ ကမ္ဘာ့အကြီးဆုံး ငွေကြေးခိုးယူမှုမှာ သားကောင်ဖြစ်ခဲ့ရပြီး အများပြည်သူ အကူအညီနဲ့ ဆုံးရှုံးမှုအချို့ပြန်ရဖို့ ဆုငွေထုတ်ထားပါတယ်။
ပြီးခဲ့တဲ့အပတ်က ခိုးယူမှုဟာ မြောက်ကိုရီးယားရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လာဇာရက်စ် အုပ်စုရဲ့ လက်ချက်ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။
ဒီအဖွဲ့ဟာ ဘိုင်ဘစ်ကနေ ခရစ်ပတိုငွေကြေး ဒေါ်လာ ၁ ဒသမ ၄၆ ဘီလီယံ ခိုးယူခဲ့တာ ဖြစ်ပါတယ်။
ရာဇဝတ်မှု ကျူးလွန်သူတွေဟာ ဒီအွန်လိုင်းငွေကြေးကို ငွေသားအဖြစ် အမြန်ပြောင်းဖို့ ကြိုးစားနေပါတယ်။
ဒီငွေတွေထုတ်ယူတာကို တားဆီးနိုင်တယ်ဆိုရင် ဆုငွေပေးမယ်လို့ ဘိုင်ဘစ်က ကမ်းလှမ်းထားပါတယ်။
“လာဇာရက်စ်နဲ့ စစ်ပွဲအတွက် ကျနော်တို့နဲ့ ပူးပေါင်းပါ” လို့ ဘိုင်ဘစ်စီအီးအို ဘန်ဇူးက ဝက်ဘ်ဆိုက်အသစ်မှာ ပို့စ်တင်ထားပါတယ်။
ခရစ်ပတိုငွေကြးကို အများပိုင် public wallet တွေမှာ သိမ်းထားတာကြောင့် လူတိုင်း ကြည့်နိုင်ပါတယ်။
ဒါ့ကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေက အသေးသုံးတွေ ခွဲထုတ်ပြီး ချန်နယ်များကနေ မသိအောင် ပြုလုပ်ဖွယ်ရှိပါတယ်။
ဘိုင်ဘစ်ကတော့ ဝက်ဘ်ဆိုက်အသစ်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ကုမ္ပဏီတွေနဲ့ လူတယောက်ချင်းစီရဲ့ ငွေပမာဏကို တိုက်ရိုက်ပြသထားပါတယ်။
ဆုငွေပေးမယ့် ပမာဏက တယောက်ချင်းဖြစ်စေ ကုမ္ပဏီကဖြစ်စေ အဲဒီငွေပမာဏကို ထိန်းသိမ်းထားမှုပြုနိုင်ရင် ၅ ရာခိုင်နှုန်းပေးမှာ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ ခရစ်ပတိုစုံထောက်တွေကို ဒေါ်လာသန်းချီ ဆုငွေချီးမြှင့်မှုတွေကို အစောပိုင်းကတည်းက ဖော်ပြထားပါတယ်။
Source : Reuters